News

POST TAGGED AS

လွှတ်တော်အမတ်

နယူးယောက်မဲဆန္ဒနယ် ကွန်ဂရက် လွှတ်တော်အမတ်နေရာအတွက် ပါတီတွင်းရွေးကောက်ပွဲ ပြုလုပ်ရာဝါရင့်သမ္ဘာရင့် လွှတ်တော်အမတ်ကြီးကိုကျော်ဖြတ်ကာ လက်ဝဲဝါဒီအသက် ၂၈ နှစ်အရွယ် နိုင်ငံရေးဝါနုသေးသူ အမျိုးသမီးအမတ်လောင်းတစ်ဦးက အံ့အားသင့်ဖွယ် အနိုင်ရသွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
ပြင်သစ်နိုင်ငံတွင် အသစ်ရေးဆွဲလိုက်သည့် ဥပဒေတွင် လွှတ်တော်အမတ် အရေအတွက်ကို လျှော့ချရေးနှင့် အချိုးကျ ကိုယ်စားပြုမှုစနစ်ကို တစ်စိတ်တစ်ပိုင်း မိတ်ဆက်ကျင့်သုံးရေးတို့ကို ထည့်သွင်းထားရာ နိုင်ငံရေးအလွှာအပေါ် ပြင်သစ် မဲဆန္ဒရှင်များ၏ ယုံကြည်စိတ်ချမှုကို ပြန်လည် ထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ဩစတြေးလျနိုင်ငံမှ လွှတ်တော်အမတ်တစ်ဦးသည် သေနတ်ဖြင့်ချိန်ရွယ်နေပုံ ဟန်ရေးပြနေသည့်ပုံကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်တင်ပြီး “Do you feel lucky, greenie punks?”ဟု ရေးသားခဲ့ခြင်းကြောင့် ဝေဖန်ခံနေရကြောင်း BBC သတင်းဌာနက ဖော်ပြသည်။