News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

NLD လွှတ်တော်ကိုယ်စားလှယ်အချို့ကို ဝန်ကြီး၊ ဒုတိယဝန်ကြီး တာဝန်ပေး၍ အုပ်ချုပ်ရေးတာဝန် ယူခိုင်းပါက ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရှိလျှင် NLD အစိုးရအတွက် အဆင်သင့်ဖြစ်မည်ဟု သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်း (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်) က အကြံပြု ပြောကြားလိုက်သည်။
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး အပါအဝင် အမျိုးသားတစ်ဦးက ရဲပြုတ်ဟု ပြောဆိုသည်ဆိုကာ ဒုတိယရဲမှူးကြီး(ငြိမ်း)ရှေ့နေ ဦးကျော်ငြိမ်းက မြောင်းမြမြို့မရဲစခန်းတွင် နိုဝင်ဘာလ ၁၈ ရက်က အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ညောင်းတုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာရှိများ အပါအဝင် ၇ ဦးကို ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက တရားစွဲဆိုထားမှု နိုဝင်ဘာ ၈ ရက်က ဆက်လက် စစ်ဆေးရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အယောက် ၃၀ ခန့် လာရောက် နားထောင်ခဲ့ကြောင်း တရားပြိုင်များထံမှ သိရသည်။
ယခုနှစ်(၂၀၁၇-၂၀၁၈) ပြည်ထောင်စု အစိုးရ၏လိုငွေစာရင်းကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးယူလိုကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့လိုက်သည်။
၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရသည့် အမှုတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က တရားလိုပြ သက်သေအဖြစ် ပါဝင်နေမှုကို မဖြစ်သင့်ကြောင်းဟု တရားစွဲ ဆိုခြင်းခံရသူ ငဖဲလူငယ်ကွန်ရက် အကြံပေး ကိုကျော်ကိုကိုရှိန်က အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားသည်။
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်ပြီး တစ်နှစ်ခွဲကာလ၌ ဘဝမေ့နေကြောင်း ဦးဝင်းထိန်က ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် လူမျိုးရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်နေသူများအတွက် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့၏နေ့တွက်ခ တစ်နေ့တာ ရရှိငွေများကို စုပေါင်းကာလှူဒါန်းမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်း သတင်းရရှိသည်။
တရားစွဲဆိုခံရသည့် မြေသိမ်းတောင်သူသည် တရားရင်ဆိုင်ရပါက တရားရုံးသို့ပေးရန်နှင့် ကျွေးရန်ပင် ငွေကြေးရှိမည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။
ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးမှ နယ်လုံဝန်ကြီးဟောင်းများ အပါအဝင် ပြည်နယ်နှင့် တိုင်းခုနှစ်ခုရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဟောင်း ခုနစ်ဦးကို တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၂၂ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
အာဏာရှင် စနစ်ဆိုးဟူသော စကားလုံးကို လွှတ်တော်တွင်ဆွေးနွေး ပြောကြားမှုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ဩဂုတ် ၂၂ ရက်က ကျင်းပသော အမျိုးသားလွှတ်တော်တွင် ကန့်ကွက်လိုက်သည်။