News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအရာရှိများ အပါအဝင် ၇ ဦးကို နစ်နာကြေး ကျပ်သိန်းနှစ်သောင်းရလိုကြောင်း ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက တရားစွဲဆိုထားမှုကို မတ်လ ၇ ရက်က ဧရာဝတီတိုင်း တရားလွှတ်တော်က ပလပ်မိန့်ချမှတ်ခဲ့ကြောင်း တရားပြိုင်များထံမှ သိရသည်။
လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းသည့် ဥပဒေသည် ပြီးခဲ့သည့် အစိုးရသက်တမ်း (၂၀၁၅ ဩဂုတ်လ) ၏ လွှတ်တော်မှ အတည်ပြုရန်ဆိုင်းငံ့ထားပြီး ယနေ့အချိန် (သက်တမ်း နှစ်နှစ် ကျော်လာသည်) အထိ ပိုမိုကောင်းမွန်အောင် ပြန်လည်ရေးဆွဲနေသည်ဟုသာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေကြားလိုက်သည်။
လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၈ နာရီတွင် တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
ပြင်ဆင်ရေးဆွဲထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေမူကြမ်းကို ဖေဖော်ဝါရီလတွင် ကျင်းပမည့် ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများကို စစ်ဆေးရာတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများပိုင် မော်တော်ယာဉ်များကို အရည်အသွေး စစ်ဆေးသည့်အဖွဲ့အနေနှင့် အသုံးမပြုရေးအတွက် ချင်းပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ကြောင်း မင်းတပ်မြို့ လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်းက ပြောကြားသည်။
ရမည်းသင်းမြို့နယ် ဝါးဖြူတောင် ကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာအနီးတွင် တရားမဝင်ရွှေတူးဖော်နေကြောင်း သတင်းအရ ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ဦးဆောင်သည့်အဖွဲ့က ဇန်နဝါရီလ ၂၁ ရက်နေ့က သွားရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ မြို့နယ်တွင် ဒေသခံများ ကန့်ကွက်နေသည့် ဆက်သွယ်ရေးတိုင်တည်ဆောက်မှုကို ဆက်လက် လုပ်ဆောင်ရန် ခွင့်ပြုလက်မှတ် ပေးထိုးခဲ့သည့် ဟင်္သာတမြို့နယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ထံ ဇန်နဝါလ ၃ ရက်နေ့က တိုင်ကြားထားကြောင်း တိုင်ကြားသူ ဦးဇင်မင်းဦးက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး ညောင်းတုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာရှိများ အပါအဝင် ၇ ဦးကို နစ်နာကြေးရလိုမှုဖြင့် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၂ ရက်တွင် ပဏာမငြင်းချက် ၂ ချက် အပါအဝင် ငြင်းချက် ၉ ချက် ဧရာဝတီတိုင်း တရားလွှတ်တော်က ထုတ်ခဲ့ကြောင်း တရားပြိုင်များထံမှ သိရသည်။
ကချင်ပြည်နယ် လွှတ်တော်ရိပ်သာ၌ နေထိုင်ကြသော ကိုယ်စားလှယ်များအနေနှင့် အလေးသွားပြီးပါက ရေဆွဲချရန်အပါအဝင် စည်းကမ်းချက် ၂၃ ချက်ကို ကျေနပ်မှုမရှိ၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ကန့်ကွက်လျက်ရှိကြောင်း ကိုယ်စားလှယ်အချို့က The Voice သို့ ပြောကြားသည်။