News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

လက်ရှိအစိုးရသက်တမ်းတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် လေးဦးအထိ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် (CEC အဖွဲ့ဝင်) က ပြောကြားသည်။
ပြည်ထောင်စုအဆင့် သတ်မှတ်ထားသော လွှတ်တော်ကိုယ်စားလှယ်များကို မိဘမဲ့ကလေးများကဲ့သို့ စည်ပင်ဧည့်ရိပ်သာတွင် အခန်းခပေး၍ ရေရှည်မထားသင့်ဘဲ လွှတ်တော်ဆိုင်ရာ ဥပဒေနှင့်အညီ လုပ်ဆောင်ပေးသင့်ကြောင်း ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်သို့ တင်ပြပြောကြားလိုက်သည်။
“အကြောင်းအရာမသိရဘဲ တာဝန်က ရပ်ဆိုင်းတယ်ဆိုတော့ ကျွန်တော် စိတ်မကောင်းဘူးပေါ့”
ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ကို NLD ပါတီတွင်း တာဝန်များမှ ရပ်ဆိုင်းလိုက်ကြောင်း ယင်းပါတီထံမှ သိရသည်။
တရားမဝင် သစ်ဖောင်များကို လိုက်လံစစ်ဆေးသည့် ကနီမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်နှင့် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီမှ ဝန်ထမ်းများ ပါဝင်သည့်အဖွဲ့ကို ရန်ပြုခဲ့သူ ၇ ဦးကို စက်တင်ဘာလ ၁ ရက်နေ့က အမှုဖွင့်ထားကြောင်း ကနီမြို့မရဲစခန်းထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ကြောင်း တင်ပြစာကို အတည်ပြုနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။
NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို ပါတီစည်းကမ်းနှင့် အညီအရေးယူရန် ဩဂုတ်လ ၂၅ ရက်တွင်ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။
ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာ များရှိ လူသွားလမ်းပလက်ဖောင်းပေါ်တွင် ကြော်ငြာဆိုင်းဘုတ်များကို ဖယ်ရှားရန်စီစဉ်ပြီးဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။
မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့ကိုယ်တိုင် မဲပေးရွေးချယ်ပေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အကျင့်သိက္ခာ ပျက်ပြားခဲ့ပါက ၎င်းအပေါ် ပြန်လည်ထိန်းကျောင်းသမှု ပြုမည့်အခွင့်အရေးများ ပြန်မရ၊ ထို့အတွက် သူတို့က ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) ပါ နိုင်ငံသားတစ်ယောက် ရပိုင်ခွင့်ရှိသည့် မူလအခွင့်အရေးများ ဆုံးရှုံးနေသလိုဖြစ်ရသည်ဟု ပြောဆိုလာကြတော့သည်မှာ တစ်ဖက်ကကြည့်လျှင် တရားနည်းလမ်းကျပြန်သည်။
ညနေပိုင်းတွင် ပင်လုံညီလာခံအကြို အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ အစည်းအဝေးကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား အစုအဖွဲ့များ အပါအဝင် လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ပြည်သူ့ လွှတ်တော်၏ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီဥက္ကဋ္ဌပင် မသိ။ သူက ပအိုဝ်းပါတီမှ ဖြစ်သည်။ လွှတ်တော်ထဲရှိ ရှမ်း၊ ရခိုင်၊ ဇိုမီး၊ ပအိုဝ်း၊ ပလောင်ကိုယ်စားလှယ်များ တစ်ဦးမှ မပါဝင်။ မည်သည့်စံနှုန်းဖြင့် မည်သူက ရွေးချယ်သနည်း။