News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

မန္တလေးတိုင်းလွှတ်တော် အစည်းအဝေး ခေါ်ယူထားပြီး မကျင်းပ
မန္တလေး၊ မတ် ၃၁

မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို ယနေ့ (မတ်လ ၃၁) မွန်းလွဲ တစ်နာရီတွင် ကျင်းပရန် ခေါ်ယူထားသော်လည်း အစည်းအဝေး မကျင်းပဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ယူမှု တစ်နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ဒုဋ္ဌဝတီတံတား (ရွှေစာရံ) ဖွင့်ပွဲနှင့် မြရည်နန္ဒတိုက်ခန်းများ ဖွင့်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ရမည်ဖြစ်၍ အစည်းအဝေးကို ဧပြီလ ၃ ရက် နံနက် ၁၀ နာရီတွင် ပြောင်းလဲကျင်းပသွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။




FOLLOW US