News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

ပြည်သူနှင့် လွှတ်တော်ကိုယ်စားလှယ် တိုက်ရိုက်ဖုန်းပြောနိုင်ရန် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ပြုလုပ်ရန် စီစဉ်
ရန်ကုန်၊ သြဂုတ် ၂၇

ပြည်သူများ အနေနှင့် မိမိတို့ ရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များထံ လိုအပ်သည်များ ဆွေးနွေး၊ မေးမြန်းနိုင်မည့် တိုက်ရိုက်ဖုန်းခေါ်ဆိုမှု အစီအစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပြုလုပ်ရန် စီစဉ်နေကြောင်း Blue Ocean Contact Center မှ ဦးအောင်အောင်ဇော်က ပြောကြားသည်။

စမ်းသပ်အစီအစဉ် အဖြစ် သြဂုတ်လ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒလ၊ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်း မြို့နယ်များမှ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက Hotline နံပါတ် (၀၁-၂၃၉၉၁၀၈) မှ တစ်ဆင့် ပြည်သူများ၏ မေးမြန်းဆွေးနွေးမှုများကို ဖြေကြားပေးခဲ့ကြောင်း Blue Ocean ကုမ္ပဏီထံမှ သိရှိရသည်။

Hotline နံပါတ် ၀၁-၂၃၉၉၁၀၈ သို့ ပေးပို့လာသည့် ပြည်သူများ၏ လိုအပ်ချက်များ၊ အကြံပြုချက်များကို Blue Ocean Contact Center မှ လက်ခံရယူပြီး လွှတ်တော်ကိုယ်စားလှယ်များထံ အချိန်နှင့် တပြေးညီ ပေးပို့မည်ဖြစ်ပြီး မကြာမီတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ယခုဖုန်းမှ တစ်ဆင့် ဆွေးနွေးမှုများ၊ အကြံပြုချက်များ၊ တိုင်းကြားချက်များကို ဖြေကြားမည့် အစီအစဉ်များ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းလုပ်ငန်းထံမှ သိရှိရသည်။

ဓာတ်ပုံ- Blue Ocean Contact Center




FOLLOW US