News

POST TAGGED AS

လွှတ်တော်ကိုယ်စားလှယ်

22-Sep-2017

မူးယစ်ဆေးဝါး NLD
သံဖြူဇရပ်မြို့နယ် NLD ပါတီ အလုပ်အမှုဆောင်တစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ
မော်လမြိုင်၊ စက်တင်ဘာ ၂၁

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးထွန်းဝင်း (၄၂နှစ်) ထံမှ စိတ်ကြွဆေးပြားများကို စက်တင်ဘာလ ၂၀ ရက် ညနေ ၄ နာရီခွဲက သံဖြူဇရပ်-ကျိုက္ခမီသွား ကားလမ်းဘေးတွင် ဖမ်းမိခဲ့ကြောင်း သံဖြူဇရပ်မြို့ ရဲစခန်းထံမှ သိရသည်။

“သံဖြူဇရပ်မြို့ထဲမှာပဲ ဖမ်းမိပါတယ်၊ ကျွန်တော်တို့ သတင်းကြားတော့ သတင်းပေးတွေနဲ့အတူ သူ့ကို စစ်ဆေးတယ်၊ ဆိုင်ကယ်ဦးထုပ်မှာ မိပါတယ်၊ WY ဆေးပြား ၁၅ ပြား ဖမ်းမိပါတယ်၊ အခုတော့ သူ့ကို ကျွန်တော်တို့ ထိန်းသိမ်းထားပါတယ်” ဟု သံဖြူဇရပ်မြို့ ရဲစခန်းမှ ရဲအုပ် မင်းဌေးမောင်မောင်က ပြောကြားသည်။

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသော NLD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးထွန်းဝင်းကို သံဖြူဇရပ် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း ၎င်းထံမှ သိရသည်။ 

“ကျွန်တော့်ကို သံဖြူဇရပ်က ဥက္ကဋ္ဌက အကြောင်းကြားပါတယ်၊ သူ့ကိုတော့ ဥပဒေအတိုင်းပဲ သွားမှာပါ၊ ကျွန်တော့် ပါတီဘက်ကတော့ ဗဟိုအလုပ်အမှုဆောင်တွေကနေ စိစစ်တွေ့ရှိမယ်ဆိုရင် ပါတီက ထွက်ရမှာပေါ့” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မွန်ပြည်နယ်) ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ပြောဆိုသည်။



FOLLOW US