POST TAGGED AS

လှိုင်သာယာ

တွံတေးမြို့နယ်၊ အထက်တမာ တကောကျေးရွာအနီး လှိုင်သာယာ-တွံတေး ကားလမ်းတွင် မတ်လ ၁၁ ရက် ညနေ ၄ နာရီခွဲက မော်တော်ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်ဝင်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသားနှစ်ဦး ပေါက်ပြဲဒဏ်ရာများရခဲ့ပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ အလယ်ရွာလမ်းဆုံမှတ်တိုင်တွင် မတ်လ ၄ ရက် မွန်းလွဲ ၂ နာရီခန့်က YBS ၁၇ ယာဉ်လိုင်းပေါ်၌ ခါးပိုက်နှိုက်ပြီး ဆင်းလာသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
အသက် ၂၁ နှစ်အရွယ် သမီးဖြစ်သူအား ခိုးယူပေါင်းသင်းပြီး မင်္ဂလာဆောင်ရန်ပြင်ဆင်နေသည့် အမျိုးသားကို တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် မတ်လ ၄ ရက် ညနေ ၄ နာရီခန့်က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
လှိုင်သာယာမြို့နယ်၊ ရန်ကုန် - ညောင်တုန်းလမ်း၊ (၅) ထိပ်မှတ်တိုင်နှင့် (၃) ထိပ် မှတ်တိုင်ကြား YBS အမှတ် (၂၂) ယာဉ်ပေါ် လိုက်ပါစီးနင်းပြီး ခရီးသွားများထံမှ ခါးပိုက်နှိုက်ကျူးလွန်သူ ၆ ဦးအနက် သုံးဦးကို ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၅ နာရီခန့် က ဖမ်းမိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
လှိုင်သာယာစက်မှုဇုန် ၁ ဒေါ်ဖွားရှင် လမ်းရှိ One Of Front Garment အမျိုးသမီးဝတ် ဂါဝန်ချုပ်စက်ရုံတွင် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၇ နာရီခန့်က ဆန္ဒပြနေသည့် အလုပ်သမား ၇၀ နှင့် နေ့စား ခေါ်ယူထားသည့် ဝန်ထမ်း ၁၀၀ကျော်တို့ အပြန်အလှန် ရိုက်နှက် မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် စက်ရုံလုပ်သားများထံမှ သိရသည်။
ရန်ကုန်မြို့အတွင်း ချိတ်ဆက်ထား သော ဓာတ်အားလိုင်းကြိုးများ ချိတ်ဆက်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် ယနေ့ (ဖေဖော်ဝါရီလ ၆ ရက်)တွင် မြို့နယ်အချို့၌ အချိန်ပိုင်း မီးပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။
သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေနှုန်းထားအတိုင်း လစာ ၂ နှစ်ထိ မရသည့် အလုပ်သမားများအတွက် လစာများ ပြန်ပေးရန် Star World ပလတ်စတစ်စက်ရုံလုပ်ငန်းရှင်ကို လှိုင်သာယာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အမိန့်ချခဲ့သော်လည်း မလိုက်နာသဖြင့် တရားစွဲရန် စီစဉ်မည်ဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင် ကိုအောင် သီဟစိုးက ပြောကြားသည်။
28-Jan-2018 tagged as ဆန် လှိုင်သာယာ
လှိုင်သာယာမြို့နယ်၊ အမှတ်(၁၈) ရပ်ကွက်၊ လက်ဝဲသုန္ဒရလမ်းတွင် နေထိုင်သော ဆန်ကုန်သည် အမျိုးသားတစ်ဦးကို ကျပ်သိန်း နှစ်ထောင်ကျော် လိမ်လည်မှုဖြင့် ဇန်နဝါရီလ ၂၇ ရက် ညနေပိုင်းက လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်တွင် ဇန်နဝါရီလ ၂၄ ရက်ညနေပိုင်းက မူးယစ်ဆေးဝါး ကြိုတင်သတင်းအရ ရှာဖွေဖမ်းဆီးရာ အမျိုးသားသုံးဦး၊ အမျိုးသမီးတစ်ဦးပါ အဖွဲ့တစ်ဖွဲ့နှင့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးပါ အဖွဲ့တစ်ဖွဲ့ကို ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ ပီမိုးနင်းလမ်းတွင် ခိုးမှု၊ လုယက်မှုများ ကျူးလွန်ထားကြောင်း သတင်းရရှိထားသည့် အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးရာမှ ပြစ်မှု ၉ မှု ကျူးလွန်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။