News

POST TAGGED AS

လှိုင်သာယာ

Omni Focus ကုမ္ပဏီက လှိုင်သာယာမြို့နယ်ထိန်ပင်အမှိုက်ပုံမီး လောင်မှုတွင်မီးငြှိမ်းသတ်လျက်ရှိသော မီးသတ်ဝန်ထမ်းများနှင့် အခြားဝန်ထမ်းများ အေးချမ်းစွာ အနားယူနိုင်ရန် အဲကွန်းဘတ်စ်ကား ကိုးစီးကို ဧပြီလ ၂၇ ရက်က ကူညီထားကြောင်း အဆိုပါကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောကြားသည်။
ထိန်ပင်အမှိုက်ပုံညှော်နံ့များကို အဓိကရှူရှိုက်ခံစားနေရသော အနီးဆုံးနေရာသုံးခုရှိ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်၊ ကလေးငယ်များနှင့် ရောဂါအခံရှိသူများကို စာရင်းကောက်၍ အနံ့အသက်လွတ်သည့် ၆ ရပ်ကွက်၊ အ.လ.က (၁) ကျောင်းသို့ ယနေ့၌ စတင်ပြောင်းရွှေ့ပေးရန် စီစဉ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ဧပြီလ ၂၁ ရက်နေ့ကတည်းက စတင်လောင်ကျွမ်းနေသော လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်အနီး အမှိုက်ပုံ မီးလောင်ကျွမ်းမှုကို မီးသတ်ဦးစီးဌာနက ကြိုးစားငြှိမ်းသတ်နေပြီး အနည်းဆုံး နောက် ၂ ရက်ခန့်အထိ ဆက်လက်ငြှိမ်းသတ်ရဖွယ်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွန်ကြားရေးမှူး ဦးဝင်းနိုင်က The Voice Daily သို့ အတည်ပြုပြောကြားသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဧပြီလ ၁၈ ရက် နံနက် ၁၁ နာရီခန့်က အိမ်ပြင်ခေါ်ထုတ်မရသည့် ရည်းစားဖြစ်သူ အမျိုးသမီးကို အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသားက နေအိမ်ပေါ်အထိတက်ကာ ဓားနှင့်ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဦးထွန်းညိုလမ်းရှိ စက်ရုံတစ်ခုတွင် ဧပြီလ ၂ ရက် နံနက် ၁၁ နာရီခွဲခန့်က အသက် ၃၆ နှစ် အရွယ် အမျိုးသားတစ်ဦး စအိုအတွင်းသို့ အဲယားကွန်ပရက်ဆာပိုက်ဖြင့် ထိုးသွင်းခံရပြီး သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
31-Mar-2018 tagged as လှိုင်သာယာ
လှိုင်သာယာမြို့နယ် အပြင်ပဒံရပ်ကွက်တွင် ဧပြီလ ၅ရက်၌ ပထမဆုံးအကြိမ် အသံချဲ့စက်ဝါသနာရှင်များ စုပေါင်း၍ ပြိုင်ပွဲပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးဇော်လေးက ပြောကြားသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဧရာဝဏ်လမ်းနှင့် ပဲခူးမြစ်လမ်းဆုံမှ လှိုင်သာယာမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းသို့ပြေးဆွဲသော YBS အမှတ် (၆) ယာဉ်မောင်းအား အရှိန်ပြင်းစွာမောင်းနှင်သည်ဟု ဝေဖန်ပြောဆိုသော အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး ကတ်ကြေးဖြင့်ထိုးခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ နဝဒေးအိမ်ရာအနီးရှိ တည်းခိုခန်းတစ်ခုတွင် မတ်လ ၂၆ ရက် မွန်းလွဲ ၃ နာရီခန့်က အသက် ၄၃ နှစ်အရွယ် အမျိုးသမီးနှင့် ချိန်းတွေ့သည့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ရုတ်တရက် အမောဖောက်ကာ သေဆုံးသွားကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
လှိုင်သာယာစက်မှုဇုန် (၁)၊အမှတ် (၄) ဦးရွှေမြူလမ်းရှိ Star Team အထည်ချုပ်စက်ရုံမှ အလုပ်သမား ကိုးဦး အလုပ်ထုတ်ခံရသည့်အတွက် ယင်းစက်ရုံက အလုပ်သမား ၂၅၂ ဦး စက်ရုံရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ရာ မတ်လ ၂၂ ရက်တွင် အလုပ်ရှင် အလုပ်သမား ပြေလည်မှု ရရှိခဲ့ကြောင်း အဆိုပါစက်ရုံမှ ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုတင်လင်းရှိန်က ပြောကြားသည်။
လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုံ၊ ဗန်းမော်အတွင်းဝန်လမ်းရှိ အထည်ချုပ်စက်ရုံ တစ်ခုတွင် မတ်လ ၆ ရက် ည ၇ နာရီ ၂၅ မိနစ်ခန့်က မီးလောင်မှုနှင့်ပတ်သက်၍ စက်ရုံဝန်ထမ်း အမျိုးသားနှစ်ဦးကို စက်ရုံအား မီးရှို့ဖျက်ဆီးရန် ကြံစည်မှုဖြင့် မတ်လ ၁၅ ရက် ည ၇ နာရီခွဲခန့်က အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။