News

POST TAGGED AS

လျှပ်စစ်

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ် ထုတ်လုပ်သည့် စက်ရုံကို မကွေး တိုင်းဒေသကြီးတွင် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ရာ ကျေးရွာ ၃ ရွာတွင် လျှပ်စစ်ရရှိမည်ဖြစ်ကြောင်း Mandalay Yoma Co.,Ltd ထံမှ သိရသည်။
03-Oct-2017 tagged as လျှပ်စစ်
နိုင်ငံအနှံ့ လျှပ်စစ်စွမ်းအား ဖြန့်ဝေရေးစီမံကိန်း (NEP) အတွက် ထရန်စဖော်မာ ၅၄၀ဝ ခန့် တပ်ဆင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဓာတ်အားဖြန့်ဖြူးရေးဌာန အင်ဂျင်နီယာချုပ်က ပြောကြားသည်။
တောင်ငူမြို့နယ်တွင် ရပ်ကွက် ကျေးရွာပေါင်း ၆၄ ခုမှ အိမ်သုံးလျှပ်စစ် မီတာလျှောက်ထားသူ ၄၀ဝ နီးပါးရှိသော်လည်း သုံးလနီးပါး ကြာသည်အထိ မီတာ မတပ်ဆင်ပေးနိုင်သေးကြောင်း အဆိုပါ မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ စုံစမ်းသိရသည်။
17-Sep-2017 tagged as လျှပ်စစ် ရေနံ
လူနေမှုထူထပ်သည့် ရန်ကုန်မြို့တွင် လျှပ်စစ်သုံးစွဲမှု လျှော့ချနိုင်ရေး ရေနံဓာတ်ငွေ့ရည် (LPG) ဂက်စ်အိုးများ ဒီဇင်ဘာလမှစ၍ တင်သွင်း ရောင်းချမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောကြားသည်။
တရုတ်နိုင်ငံ၊ စက်မှုနှင့် အိုင်တီဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတစ်ဦးဖြစ်သူ ကျင်ကိုပင်းက နိုင်ငံအတွင်း လောင်စာဆီများဖြင့် မောင်းနှင်နေရသော ကားများကို ပိတ်ပင်သွားရန် စီစဉ်နေကြောင်း ထုတ်ပြန် ကြေညာလိုက်သောကြောင့် နိုင်ငံတွင်း ကားထုတ်လုပ်မှု လုပ်ငန်းတွင် ဂယက်ရိုက်ခတ်သွားခဲ့ရကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
25-Aug-2017 tagged as ကား လျှပ်စစ်
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) စည်းမျဉ်းနှင့်ညီစေရန် ယခုနှစ် အောက်တိုဘာလမှစ၍ အကောက်ခွန် နှုန်းထားများကို တိုးမြှင့်ကောက်ခံမည်ဖြစ်ရာ လျှပ်စစ်ကားနှင့် မီနီထရပ် မော်တော်ယာဉ်များ တင်သွင်းခြင်း အကောက်ခွန် နှုန်းများကိုလည်း တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။
21-Aug-2017 tagged as လျှပ်စစ်
လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်အဖြစ် ရသေ့တောင်မြို့နယ်တွင် ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်မဂ္ဂါဝပ် ၈၀ဝ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ထံမှ သိရသည်။
19-Aug-2017 tagged as လျှပ်စစ်
အမျိုးသား လျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်း (NEP) တွင် အကောင်အထည် ဖော်မည့် အသေးစား လျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်းများအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
14-Aug-2017 tagged as လျှပ်စစ်
အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအရ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုရှိ အိမ်ခြေ ကိုးသောင်းကျော်ကို လျှပ်စစ်မီး ရရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
ဘတ်သီးလူသားဟု အမည်ပေးထားသည့် ထူးဆန်းသော လူသားတစ်ယောက်သည် ကိုယ်ခန္ဓာထဲမှ လျှပ်စစ်ဓာတ်အားများ အလိုအလျောက် စီးထွက်နေပြီး လျှပ်စစ်မီးလုံးကို ပြင်ပမှ လျှပ်စစ်ဓာတ်အား အကူအညီ မပါဘဲ ထွန်းလင်းစေနိုင်ကြောင်း Cover Asia Press သတင်းတွင် ဖော်ပြထားသည်။