News

POST TAGGED AS

လျှပ်စစ်

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်တွင် ဆောင်ရွက်မည့် ရေပေးဝေရေးလုပ်ငန်းနှင့် ငပုတောမြို့နယ်တွင် ဆောင်ရွက်မည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ အပါအဝင် မပြီးပြတ်သောလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် ဝန်ကြီးချုပ်သစ်ကို တိုက်တွန်းမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီကပြောကြားသည်။
ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား တင်ဒါခေါ်ယူခြင်းနှင့်ပတ်သက်၍ တင်ဒါတင်သွင်းသူများက ဝေဖန်ခွင့်မရှိခြင်းသည် တင်ဒါစနစ်၏ ပွင့်လင်းမြင်သာမှု အားနည်းစေနိုင်ကြောင်း တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခဲ့ဖူးသည့် လျှပ်စစ်ကုမ္ပဏီ အပါအဝင် ဆောက်လုပ်ရေးကုမ္ပဏီအချို့က ထောက်ပြသည်။
မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ အမှတ် (၃) လမ်းမကြီးဘေး၊ လေထိုးကျွတ်ဖာဆိုင်တစ်ဆိုင်တွင် ဒီဇင်ဘာလ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က သံပိုက်လုံးကို ဖယ်ရှားစဉ် ဓာတ်ကြိုးနှင့်ထိပြီး အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့တော်ရှိ သာကေတ ဓာတ်အားပေးစက်ရုံအနေနှင့် လာမည့် မတ်လကစ၍ မဂ္ဂါဝပ် ၆၀ ကျော် တိုးမြှင့်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ငန်းထံမှ သိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း ကျေးရွာပေါင်း ၁၃၃၀ ခန့်ရှိ အိမ်ခြေရှစ်သောင်းကျော်တွင် လျှပ်စစ်မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ၊ ပြည်သူ့ထည့်ဝင်ငွေနှင့် အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်နေကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
ကလေးဆိုသည်မှာ အရုပ်တွေ၊ လျှပ်စစ်ပစ္စည်းတွေနဲ့သာ ကစားရမည်ဆိုခြင်းကို ဖင်လန်နိုင်ငံတွင် စတင်တော်လှန်နေကြပြီ ဖြစ်သည်။ တောထဲသွားရမှာ ပျင်းတယ်ဟုပြောသည့် ကလေးတစ်ယောက်မှမရှိ။ ဆရာမ ပီလိုက “ဆောင်းတွင်းရောက်လာရင်တောင် တစ်ခါတလေ ကျွန်မတို့ နှင်းတွေကို ထွက်ကြည့်ကြတယ်”ဟု ပြောပြသည်။ နှင်းတွေနှင့် ပေါက်ကစားကြရသည့် အတွေ့အကြုံကိုလည်း ကလေးတွေက နှစ်သက်ကြသည်။
တရုတ်နိုင်ငံ ကျိနန်တွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာကားလမ်းမကြီးတစ်ခုကို လျှပ်စစ်ကားများအတွက် ရည်စူးကာ ဖောက်လုပ်နေကြောင်း People's Daily Online သတင်းတွင် ဖော်ပြထားသည်။
သီလဝါဓာတ်အားခွဲရုံအား လျှပ်စစ်မီးပေးနိုင်ရန် ဓာတ်အားလိုင်း ချိတ်ဆက်မှု လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် ရန်ကုန်မြို့နယ်အချို့တွင် လေးရက်ခန့် အချိန်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ဓာတ်အားဖြန့်ဖြူးရေးဌာန တာဝန်ရှိသူက ပြောကြားသည်။
လျှပ်စစ်မီတာခ နှုန်းများကို ပြောင်းလဲကောက်ခံမည် ဖြစ်သော်လည်း ပြည်သူ အတွက် ရှော့ခ် (Shock) ရသွားမည့် ကိစ္စမျိုး မဖြစ်စေရအောင် လုပ်ဆောင်မည်ဟု လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
မကွေးတိုင်း မြိုင်မြို့နယ်ရှိ ကျေးရွာသုံးရွာတွင် ကြိုတင်ငွေပေး လျှပ်စစ်ဝယ်ယူသည့်စနစ်ကို နိုဝင်ဘာလ ၁၂ ရက်မှ စတင် ကျင့်သုံးနေပြီဖြစ်ကြောင်း Mandalay Yoma ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဇေယျက ပြောကြားသည်။