News

POST TAGGED AS

လျှပ်စစ်

03-Feb-2018 tagged as လျှပ်စစ်
အင်းစိန်ရွာမ ပင်မဓာတ်အားခွဲရုံမှတစ်ဆင့် မြို့နယ်အတွင်းရှိ ဓာတ်အားခွဲ ရုံအချို့သို့ ကောင်းကင်ဓာတ်အားလိုင်း ကြိုးတပ်ဆင်ရန် ဖေဖော်ဝါရီလ ၄ ရက်တွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း အင်းစိန်မြို့နယ်ရှိ ရပ်ကွက်အချို့ အချိန်ပိုင်း မီးပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။
ရန်ကုန်မြို့ အလုံမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ၃၅၆ မဂ္ဂါဝပ်ထုတ်လုပ်မည့် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ပထမဆုံး စီမံကိန်းကို ဇန်နဝါရီလကုန်မှစ၍ ၂၈ လအတွင်း အကောင်အထည်ဖော်ရန် စီစဉ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဌာနထံမှ သိရသည်။
ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် အသစ်တည်ဆောက်နေသော ဓာတ်အားခွဲရုံသို့ ဓာတ်အားပေးလိုင်းကြိုးများ ချိတ်ဆက်မည်ဖြစ်သောကြောင့် ယခုရက်ပိုင်းအတွင်း အချိန်ပိုင်း မီးပြတ်မည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။
ဧရာဝတီတိုင်း၏ မြို့တော်ပုသိမ်တွင် မြို့ဝင်လမ်းတစ်လျှောက်၌ လမ်းလယ်မီးတိုင်သစ်များကို ဇန်နဝါရီလ ၂၆ ရက်မှစတင်ကာ ပြောင်းလဲတပ်ဆင်နေကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ ကျိုက်ခေါက်ဘုရားလမ်းမဘေးတွင် ဇန်နဝါရီလ ၁၈ ရက် နံနက် ၂ နာရီခွဲခန့်က ဓာတ်ကြိုးပြတ်ကျနေသဖြင့် သွားရောက်ပြုပြင်တပ်ဆင်သည့် အသက် ၃၄ နှစ်အရွယ် လျှပ်စစ်ကျွမ်းကျင် - ၅ ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်စက်ဘီးများ ထုတ်လုပ်ရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ၏ နည်းပညာနှင့် စက်ပစ္စည်းများ ကူညီမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ အမှတ် ၃ အကြီးစား စက်မှုလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လာမည့်လေးနှစ်အတွင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်စုစုပေါင်း ၃၆၀၀ ကျော် ထုတ်လုပ်သွားရန် စီမံထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
ပြီးခဲ့တဲ့အပတ်တုန်းကတော့ ဟိုက်ဘရစ်ကားတွေအကြောင်းကို ဖော်ပြခဲ့ပါတယ်။ ဒီတစ်ပတ်အတွက်တော့ လျှပ်စစ်ယာဉ် (Electric Vehicle) တွေရဲ့အကြောင်းကို စာဖတ်ပရိသတ်ကြီးအတွက် ဖော်ပြပေးပါမယ်။ လျှပ်စစ်ယာဉ်တွေကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးမပြုကြသေးပါဘူး။ ဒါက အခြေခံအဆောက်အဦ အားနည်းချက်တွေကြောင့် လည်း ဖြစ်ပါတယ်။ လျှပ်စစ်ယာဉ်လို့ ဆိုလိုက်တာနဲ့ မြန်မာပရိသတ်အနေနဲ့ Nissan Leaf လိုကားမျိုးနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းက မြို့တွင်းမြို့တွေမှာ ပြေးဆွဲခဲ့တဲ့ လျှပ်စစ်ရထားလေးကိုပဲ ပြေးမြင်မိကြမှာပါ။ တိုးတက်တဲ့ကမ္ဘာ့နိုင်ငံ အသီးသီးမှာတော့ လျှပ်စစ်ကားတွေ၊ ရထားတွေနဲ့ ယာဉ်အမျိုးမျိုး ထုတ်လုပ်စီးနင်းနေကြပါပြီ။ လျှပ်စစ်ယာဉ် (Electric Vehicle) တွေကို လျှပ်စစ်ဖြင့်မောင်းသည့် ယာဉ်(Electric Drive Vehicle) လို့လည်း ခေါ်ကြပါတယ်။ ဒီယာဉ်တွေမှာ လျှပ်စစ်မော်တာတစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့မော်တာတွေနဲ့ တပ်ဆင်အသုံးပြုကြပါတယ်။ လျှပ်စစ်ယာဉ် (Electric Vehicles-EVs) တွေမှာ အဓိက သုံးမျိုးရှိပါတယ်။ အဲဒါတွေကတော့ Hybrid Electric Vehicles (HEVs)၊ Plug-in Hybrid Electric Vehicles (PHEVs) နဲ့ Battery Electric Vehicles (BEVs) ဆိုပြီးရှိပါတယ်။
ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၉၀ ဖြင့် ဆောင်ရွက်နေသည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အသေးစား လျှပ်စစ်ဓာတ်အားစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်ရန် အဆိုပြုလွှာများခေါ်ယူခဲ့ရာ ကုမ္ပဏီရှစ်ခုကို ရွေးချယ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
ဓာတ်ငွေ့တာဘိုင်များဖြင့် လည်ပတ်နေသော မြင်းခြံဓာတ်အားခွဲစက်ရုံမှ ဒုတိယအဆင့်အနေနှင့် ၈၀ မဂ္ဂါဝပ်ကျော်ကို ဧပြီလကုန်တွင် စထုတ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ်ထံမှ သိရသည်။