News

POST TAGGED AS

လျှပ်စစ်

မကွေးမြို့နယ် မကြီးကန်ကျေးရွာရှိ ပင်မဓာတ်အားခွဲရုံ၏ မိန်းထရန်စဖော်မာ ပေါက်ကွဲမှုကြောင့် မကွေးနှင့် ရေနံချောင်းမြို့တို့တွင် မီးပေးဧရိယာ ၇၅ ရာခိုင်နှုန်းတွင် မီး ၅ ရက်ခန့် ပြတ်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လျှပ်စစ်ဦးစီးရုံးထံမှသိရသည်။
မန္တလေးခရိုင်ရှိ အောင်ပင်လယ်ပင်မဓါတ်အားခွဲရုံကို ၂၃၀ ကေဗီအဖြစ် တိုးချဲ့ပြုပြင်နေသော စီမံကိန်းအတွက် ရွှေစာရံ-မြောက်ပြင်ဓါတ်အားလိုင်းကို ဓါတ်အားပိတ်မည်ဖြစ်သောကြောင့် ဧပြီလ ၂၈ ရက်တွင် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓါတ်အားပေးရေးကော်ပို ရေးရှင်းထံမှ သိရသည်။
မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီး မရသေးသော ကျေးလက်ဒေသများရှိ အိမ်ထောင်စု သုံးသောင်းကျော်ကို ယခုနှစ်အတွင်း ဆိုလာစွမ်းအင်သုံး အိမ်သုံးလျှပ်စစ်မီတာများကို တစ်လလျှင် ငါးထောင်ကျပ်နှုန်းဖြင့် ၂ နှစ် အရစ်ကျစနစ်ဖြင့် တပ်ဆင်ပေးရန် စီစဉ်ထားကြောင်း Solar Home ကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်ဝတ်ရည်အောင် က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွက် အဓိကအသုံးပြုနေသည့် ဓာတ်အားခွဲရုံ များဖြစ်သည့် လှိုင်သာယာ၊ ကနောင်နှင့် မြောင်းတကာခွဲရုံများတွင် ၁၅၀ အမ်ဗီအေ ထရန်စဖော်အသစ်များ ထပ်တိုးတပ်ဆင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဓာတ်အားပို့လွှတ်ရေး စီမံကိန်းများဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်က ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံး ဧပြီလမှစ၍ မီတာစနစ် လေးမျိုးပြောင်းလဲကာ မီတာခကို ကောက်ခံမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။
မလှိုင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာ ယခုလကုန်ပိုင်းတွင် လျှပ်စစ်မီးအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ယင်းမဲဆန္ဒနယ်မှ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာငြိမ်းက ပြောကြားသည်။
ပဲခူးတိုင်း ၂၈ မြို့နယ်တွင် လိုအပ်နေသော လျှပ်စစ်အိမ်သုံးမီတာများကို ဧပြီလမှစတင်ကာ ပြန်လည် ချထားပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
15-Feb-2018 tagged as လျှပ်စစ်
ရန်ကုန်တိုင်းအတွင်း နွေကာလ မီးမပြတ်ရန် လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးပျမ်းမျှ ၁၅၀၀ မဂ္ဂါဝပ်အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်း၊ ဓာတ်အားဖြန့်ဖြူးရေးဌာန တာဝန်ရှိသူ ဦးသန့်စင်က ပြောကြားသည်။
လက်ရှိတွင် အိမ်သုံးနှင့် လုပ်ငန်းသုံးဟူ၍ လျှပ်စစ်မီတာပုံး အမျိုးအစားနှစ်မျိုးသာ တပ်ဆင်ခွင့်ပြုထားရာမှ အမျိုးအစား လေးမျိုးအဖြစ် တိုးချဲ့ရန်စီစဉ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်မြို့အတွင်း ချိတ်ဆက်ထား သော ဓာတ်အားလိုင်းကြိုးများ ချိတ်ဆက်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် ယနေ့ (ဖေဖော်ဝါရီလ ၆ ရက်)တွင် မြို့နယ်အချို့၌ အချိန်ပိုင်း မီးပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။