News

POST TAGGED AS

လျှပ်စစ်

ပုသိမ်တွင် လူသတ်မှုဖြစ်
ပုသိမ်၊ ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက် ရာမည ၉ လမ်းနှင့် ၂ လမ်းဆုံရာထိပ်တွင် ဇန်နဝါရီလ ၂၉ ရက် နံနက်ပိုင်းက အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး ဓားထိုးခံရပြီး ဆေးရုံတွင်သေဆုံးခဲ့ကြောင်း ပုသိမ် နယ်မြေရဲစခန်းထံမှ သိရသည်။ 

ဇန်နဝါရီလ ၂၈ ရက် ညပိုင်းက အမှတ် (၇) ရပ်ကွက်ရှိ နာရေးအိမ်တစ်အိမ်တွင် ဦးအောင်ကျော်စိုး (၄၁ နှစ်)နှင့် ဦးစီတုံး (ခ) မြတ်စိုးဝင်း (၃၉ နှစ်) တို့ ဇန်နဝါရီလ ၂၈ ရက် ညပိုင်းက ဖဲဝိုင်းတွင် ရန်ဖြစ်ခဲ့ကြောင်း၊ အဆိုပါ ရန်ဖြစ်မှုကို မကျေနပ်သဖြင့် ဇန်နဝါရီလ ၂၉ ရက် နံနက် ၆နာရီခွဲခန့်က ဦးအောင်ကျော်စိုး နာရေးအိမ်မှ အပြန်ကိုစောင့်ဆိုင်းကာ စတီးခေါက်ဓားဖြင့် ထိုးခဲ့ကြောင်း၊ဓားထိုးခံရသူ ဦးအောင်ကျော်စိုးမှာ ဘယ်လက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ ရရှိခဲ့သဖြင့် ဆေးရုံတင်ကုသစဉ် သေဆုံးခဲ့ကြောင်း ယင်းရဲစခန်းမှ တာဝန်ရှိသူက ပြောကြားသည်။ 

ဓားဖြင့်ထိုးသူမှာ ထွက်ပြေး တိမ်းရှောင်ခဲ့သဖြင့် ရဲတပ်ဖွဲ့ အပါအဝင် ပူးပေါင်းအဖွဲ့က ပိတ်ဆို့ရှာဖွေရာ ယင်းနေ့ နံနက် ၉နာရီကျော်တွင် ပုသိမ်မြို့တစ်ဖက်ကမ်း ကမ်းနီကုလားကုန်းရပ်ရှိ ၎င်း၏ ဖခင်အိမ်အနီး တောထဲတွင် ပြန်လည် ဖမ်းမိခဲ့ကြောင်း ၎င်းထံမှသိရသည်။ 

ဓားဖြင့်ထိုးသူ ဦးစီတုံး(ခ) မြတ်စိုးဝင်းကို ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း ပုသိမ်နယ်မြေရဲစခန်းထံမှ သိရသည်။

R-12



FOLLOW US