News

POST TAGGED AS

လျှပ်စစ်မီး

ဧရာဝတီတိုင်း ပုသိမ်မြို့ ပုသိမ်ကြိုး တံတားအနီးရှိ ဂွေးချိုကျေးရွာရှိ လျှပ်စစ်ဓာတ်အားဖြန့်ဝေရေး စက်ရုံအသစ် (33/11 KV) တည်ဆောက်ပြီးစီးပြီဖြစ်၍ ဇူလိုင် ၁၃ ရက်နေ့မှစတင်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း ပုသိမ်ခရိုင်လျှပ်စစ်ဓာတ်အား ဖြန့်ဝေရေးဌာနထံမှသိရသည်။
မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းလုပ်ဆောင်နေသည့် Southern Myanmar Development ကုမ္ပဏီမှ လျှပ်စစ်မီးမီတာခ ကောက်ယူသည့်အပေါ် ဈေးနှုန်း ပြန်လည်ညှိနှိုင်းပေးရန် ဒေသခံများက ဇူလိုင်လ ၁၂ ရက်တွင် မွန်ပြည်နယ်လွှတ်တော်မှတစ်ဆင့် တောင်းဆိုသည်။
တွံတေးမြို့နယ် မယ်ပြေကျွန်းကျေး ရွာအုပ်စုရှိ မီးမရသေးသော ကျေးရွာ ၂၃ ခုကို လာမည့်ဘဏ္ဍာနှစ်ဘတ်ဂျက်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင်မျိုးဦးထံက သိရသည်။
ရန်ကုန်မြို့ကို အဓိက လျှပ်စစ်မီး ဖြန့်ဝေပေးနေသည့် အလုံ၊ လှော်ကား၊ သာကေတနှင့် ရွာမဓာတ်အားခွဲရုံများကို ဂျပန်နိုင်ငံ၏ (ODA)ချေးငွေဖြင့် အမေရိကန် ဒေါ်လာ ၈၂ဒသမ ၆ သန်းကျော် (ယန်း ၉ ဒသမ ဝ၁၄ ဘီလီယံ) အသုံးပြု၍ ပြန်လည်ပြုပြင်မည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြား သည်။
ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ်ကောင်းမွန်စေရန် ဓာတ်အားလိုင်း ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် ယနေ့ (ဧပြီလ ၂၆ ရက်) တွင် မြို့နယ် ၂၅ ခုကျော် အချိန်ပိုင်း မီးပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။
ရွှေပေါက္ကံမြို့နယ်ရှိ ဓာတ်အားခွဲရုံသို့ ဓာတ်အားလိုင်းအသစ်မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်နေသဖြင့် ရန်ကုန်တိုင်း ရွှေပေါက္ကံနှင့် မြောက်ဥက္ကလာပမြို့နယ်များကို လျှပ်စစ်ဓာတ်အားပမာဏ နှစ်ဆခန့် ပိုမိုအသုံးပြုနိုင်ပြီဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးသန်းထွန်းအေးက ပြောကြားသည်။
ကျေးလက်ဒေသများတွင် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အီတလီ အစိုးရထံမှ ယူရိုငွေသန်း ၃၀ ချေးယူရန် အီတလီ အစိုးရနှင့် ဆွေးနွေးလျက်ရှိကြောင်း အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း (NEP) ထံမှ သိရသည်။
ဧရာဝတီတိုင်း အရှေ့ဘက်ခြမ်းရှိ ဘိုကလေး၊ ကျိုက်လတ်၊ မော်ကျွန်း၊ မအူပင်၊ ဒေးဒရဲ စသည့်မြို့များတွင် မေလကုန်ခန့်မှစ၍ အချိန်ပြည့် လျှပ်စစ်မီး အသုံးပြုနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်က ပြောကြားသည်။