News

POST TAGGED AS

လျှပ်စစ်စက်ရုံ

မိဘရပ်ထံပြန်လာသည့် ဆေးကျောင်းသား ယာဉ်တိုက်ခံရမှုကြောင့် သေဆုံး
သပိတ်ကျင်း၊ ဒီဇင်ဘာ ၂၅

ဆေးတက္ကသိုလ်(မန္တလေး) မှ တတိယနှစ်ကျောင်းသား ကိုဟိဏ်းမင်းစိုးမှာ ဒီဇင်ဘာ ၂၃ ရက်ညက မိဘများနေထိုင်ရာ သပိတ်ကျင်းသို့ ခေတ္တပြန်လာစဉ် ယာဉ်တိုက်ခံရမှုကြောင့် သေဆုံးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ကြက်ရိုးပင်ကျေးရွာအနီးတွင် မိုင်တိုင် အမှတ် (၆၄/၅) နှင့် (၆၄/၆) ကြားတွင် ဒီဇင်ဘာ ၂၃ ရက်နေ့ ည ၉ နာရီ ၃၀ အချိန်ခန့်က ဆိုင်ကယ်စီးနင်းလာသူ အသက် ၂၃ နှစ်အရွယ် ကိုဟိဏ်းမင်းစိုးကို မျက်နှာချင်းဆိုင်မှလာသော မော်တော်ယာဉ်တစ်စီးက ဝင်တိုက်မိခဲ့ရာ ဦးခေါင်း၊ မျက်နှာ၊ မေးရိုး၊ ဝဲလက်ခုံဒဏ်ရာများ ရရှိကာ နေရာတွင်ပင် သေဆုံးခဲ့သည်။

“ဖြစ်ဖြစ်ချင်း ညကတည်းက ပိတ်ဆို့လိုက်ရှာပေမယ့် မတွေ့ခဲ့ဘူး။ မနေ့ ညနေပိုင်းလောက်ရောက်မှ ကျောက်ဖြူကျေးရွာ ဒေသခံတစ်ဦးက သတင်းပေးလို့ သွားကြည့်တော့မှ တိုက်သွားတဲ့ကားက သင်္ချိုင်းကုန်းထဲမှာ ကားကိုဝှက်ထားခဲ့တာကို တွေ့ခဲ့ရတယ်။ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိဖို့ကတော့ ဆက်တိုက် လုပ်ဆောင်နေပါတယ်”ဟု ချောင်းကြီးကျေးရွာ ရဲကင်းစခန်း ဒုရဲအုပ် မိုးဝင်းအောင်က ပြောကြားသည်။ 

အဆိုပါ ယာဉ်တိုက်မှုကို သပိတ်ကျင်း မြို့မရဲစခန်းက ယာဉ် (ပ) ၉၅/၂၀၁၇ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က/၂၀၂ ရေးဖွင့်ကာ ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံကို ဖမ်းဆီးမိရေးအတွက် ဆောင်ရွက်လျက်ရှိသည်။  

R-05




FOLLOW US