News

POST TAGGED AS

လွိုင်ကော်

ကယားပြည်နယ်အစိုးရက ဖွဲ့စည်းထားသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူရေးကော်မတီကို ဖျက်သိမ်းလိုက်ပြီး ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့ဘက်ကရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားသည်။
လွိုင်ကော်မြို့နယ်တွင်ထားရှိရန် ပြင်ဆင်နေသည့် ဗိုလ်ချုပ်ကြေးရုပ်တုကို ကယားပြည်နယ်သို့ မဝင်စေရန် စောင့်ဆိုင်းတားဆီးနေသည့် ကရင်နီလူငယ်များအတွင်းမှ ၁၆ ဦးကို ငြိမ်း၊ စု၊ စီ ဥပဒေဖြင့် လွိုင်ကော်မြို့မရဲစခန်းက အမှုဖွင့်လိုက်ကြောင်း တရားစွဲဆိုခံရသူများထံမှ သိရသည်။
ကယားပြည်နယ် လွိုင်ကော်မြို့တွင် စိုက်ထူရန် ပြင်ဆင်နေသည့် ဗိုလ်ချုပ်ကြေးရုပ်တုနှင့်ပတ်သက်၍ ကန့်ကွက်သူများနှင့် အစိုးရအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင်လ၂၀ ရက်၌ ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း ကရင်နီလူငယ်များထံမှ သိရသည်။
ကယားပြည်နယ် အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်တည်မည့်ကိစ္စကို ကန့်ကွက်သည့်လူငယ် ၁၀ ဦး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)(ဂ) တို့ဖြင့် တရားစွဲဆိုခံရကြောင်း တရားစွဲဆိုခံထားရသူများထံမှ သိရသည်။