News

POST TAGGED AS

လွတ်လပ်ရေးနေ့

ခြေတုလက်တုများ လှူဒါန်းနိုင်ရန် အအေးဘူး လက်ကိုင်ကွင်းများ အလှူခံ
တောင်ငူ၊ အောက်တိုဘာ ၂၀

မြန်မာပြည်ဈေးကွက်အတွင်း ရောင်းချနေသော အအေးဘူးလက်ကိုင်ကွင်းများကို ထိုင်းနိုင်ငံအခြေစိုက် ခြေတုလက်တုစက်ရုံတစ်ခုသို့ ပေးပို့မည်ဆိုပါက အဆိုပါစက်ရုံမှနေ၍ ခြေတုလက်တုများကို လိုအပ်သူများထံ ပြန်လည်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း အဆိုပါကိစ္စကို ဝန်ဆောင်မှုပေးမည့် ရန်ကုန်မြို့တော်အခြေစိုက် White Lives Group ထံမှ သိရသည်။

“အအေးဘူးလက်ကိုင်ကွင်းတွေကို အလှူခံနေတာ ဩဂုတ်လ ပထမအပတ်လောက်ကတည်းကပါ။ အခုချိန်ထိ တစ်နိုင်ငံလုံးက ပေးပို့လှူဒါန်းထားတဲ့ လက်ကိုင်ကွင်းအရေအတွက် သိန်းချီပြီးရနေပေမယ့် တစ်ကယ်လိုအပ်နေတဲ့ မသန်စွမ်းလူငယ်တွေကို ဒီထက်ပိုပြီး ထောက်ပံ့ကူညီပေးနိုင်ဖို့ဆက်ပြီးအလှူခံဦးမှာပါ”ဟု ရန်ကုန်မြို့တော်အခြေစိုက် White Lives Group မှ ဖောင်ဒါတစ်ဦးဖြစ်သည့် ဒေါ်ဇင်မေစိုးက ပြောကြားသည်။

မသန်းစွမ်းလူငယ်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူများလိုအပ်နေသည့် ခြေတု၊လက်တုများ ရရှိရေးအတွက် နိုင်ငံတစ်ကာနှင့်ပြည်တွင်းမှ ထုတ်လုပ်သည့် ကျွဲရိုင်း၊ Shart ၊ Beer ၊ 100 Plus ၊ Code ၊ Sunkist နှင့်အအေးဘူး၊ ဘီယာသံဘူးများမှ လက်ကိုင်ကွင်းများကို White Lives Group ဖောင်ဒေးရှင်းသို့ ပေးအပ်လှူဒါန်းနိုင်ကြောင်း၊ ဖောင်ဒေးရှင်းက ထိုင်းနိုင်ငံသို့ ပို့ဆောင်ရေးအတွက် တာဝန်ယူပေးသွားမည်ဖြစ်ကြောင်း အဆိုပါဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးမြတ်သူမောင်က ဖြည့်စွက်ပြောဆိုသည်။

အအေးဘူးလက်ကိုင်ကွင်း အခု၂၀၀ လျှင် လက်တုတစ်ခုရရှိနိုင်ပြီး လက်ကိုင်ကွင်းအခု ၄၀၀ ဆိုပါက ခြေတုတစ်ခုရရှိနိုင်ကာ ကွင်းရေ ၈၀၀ ဆိုလျှင် ခြေတုတစ်စုံအဖြစ် ထိုင်နိုင်ငံအခြေစိုက် ခြေတုလက်တုစက်ရုံက ပြန်လည်ပေးပိုမည်ဖြစ်ကြောင်း White Lives Group ဖောင်ဒေးရှင်းထံမှ သိရသည်။

“ဒီမှာကစွန့်ပစ်ပစ္စည်းအဆင့်ပဲရှိတာ။ အအေးဘူးခွံကို ပြန်ရောင်စားချင်ရင်တောင်မှ လက်ကိုင်ကွင်းလေးဖြုတ်ပြီးရောင်းရင် ငွေကြေးလျော့ပါးသွားတာမရှိဘူး။ ကျွန်တော်တို့လည်း ဒီအလှူအတွက် ကူညီပေးမယ်”ဟု တောင်ငူမြို့နယ်အတွင်း ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေပြီး Coffe Shop ဖွင့်ထားသူ ဦးစိုးစိုးက ပြောကြားသည်။

ရန်ကုန်မြို့တော်အခြေစိုက် White Lives Group ဖောင်ဒေးရှင်းနှင့်အတူ ပူးပေါင်းပါဝင် လှူဒါန်းလိုသူများအနေနှင့် ကျွဲရိုင်း၊ Shart ၊ Beer ဘူး၊ 100 Plus ၊ Code ၊ Sunkist တို့အပါအဝင် အခြားအအေးဘူးနှင့် ဘီယာသံဘူး လက်ကိုင်ကွင်းများ ပေးပို့နိုင်ကြောင်း၊ ပေးပို့လိုသူများအနေနှင့် ဖုန်း ၀၉၇၇၈၄၁၃၄၀၇ ၊၀၉၇၈၅၅၅၅၀၂၀ ၊ ၀၉ ၅၁၆၆၃၆၇၊ ၀၉ ၇၇၄ ၇၄၄ ၄၇၃ တို့ထံဆက်သွယ်ပေးပို့ နိုင်ကြောင်း၊ တိုင်းနှင့် ပြည်နယ် အသီးသီးမှ ပူးပေါင်းပါဝင်လိုသည့် ပရဟိတလူငယ်အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်ပါကြောင်း အဆိုပါဖောင်ဒေးရှင်းထံမှ သိရသည်။

ဓာတ်ပုံ - ဇေယျာကို



FOLLOW US