News

POST TAGGED AS

လုံခြုံရေး

ဆန္ဒပြရန် ငွေပေးစေခိုင်းသူကို ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ပါ ချမှတ်ရန်အတွက် ငြိမ်း၊ စု၊ စီဥပဒေကို ပြင်ဆင်ရန် ယနေ့ကျင်းပသော အမျိုးသား လွှတ်တော်သို့ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက တင်သွင်းလိုက်သည်။
ဧရာဝတီတိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ အသွင်သဏ္ဌာန် ယူနီဖောင်း (တူညီဝတ်စုံ) များ ဝတ်ဆင်ခြင်း၊ လုံခြုံရေးအဖွဲ့အစည်းများ အသုံးပြုသည့် ရော်ဘာလက်ကိုင်တုတ်၊ စကားပြောစက်များကို ကိုင်ဆောင်ပါက ဖေဖော်ဝါရီလ ၁၅ ရက်မှ စတင်ကာ အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးရဲမြင့်က ပြောကြားသည်။
မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်တွင် ရခိုင်ပြည်နယ်ရှိ အရာထမ်း အုပ်ချုပ်ရေးမှူးများအတွက် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးပေးလျက်ရှိကြောင်း ပြည်နယ်အဆင့် လုံခြုံရေးကွပ်ကဲမှု တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းလ် ငွေပေးချေစနစ်၊ မိုဘိုင်းလ်ဘဏ်စနစ်များ စတင်လာချိန်တွင် အခြားလုပ်ငန်းနယ်ပယ်များထက် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် ထိခိုက်မှုများ၊ အချက်အလက်ပေါက်ကြားမှုများ ဖြစ်ပွားလာနိုင်ခြေ ပိုမိုများပြားလာပြီး ကြီးမားသည့်စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၏ အတွင်းရေးမှူး ဦးမင်းဦးက ပြောသည်။
ယခု လူသတ်၊ လုယက်၊ နိုင်ငံရေး ဗန်းပြ လုပ်ဆောင်နေသူများ၏နှုတ်မှ မိမိတို့အား ထောင်ထဲသို့ပို့ရန်၊ ဖမ်းဆီးရန် ပြောကြားမှုများ ရှိသကဲ့သို့ ထိုသို့ပြောကြားမှုများမှာ ဖမ်းဆီးထိန်းသိမ်းခံရသူများအဖို့ ဖမ်းဆီးခြင်းခံရသည်ကိုပင် နာမည်ကြီးစေရန်၊ တိုင်းပြည်ခေါင်းဆောင် ဖြစ်စေရန်လမ်းကြောင်းဟု ယူဆနေဟန် ရှိသကဲ့သို့၊ ထိုဖမ်းဆီးခဲ့ရသည့် အချုပ်၊ ထောင်သို့သွားလျှင်ပင် ပျော်ပွဲစားနေရာသို့ ရောက်ရှိမည်လောဟူသော အချက်တို့မှာ ပေါ်လွင်လျက်ရှိပါသည်။
ပုဂ္ဂလိကဘဏ်တွေမှာ အခုမြင်တွေ့နေရတာတွေက ငွေထုတ်ပေးသူနဲ့ ငွေထုတ်ယူသူအကြားမှာ ဘာအတားအဆီးမှမရှိဘဲ ကောင်တာပေါ်မှာ ငွေတွေ အပုံလိုက်တင်ထားတာတွေ၊ ကောင်တာအတွင်းမှာလည်း ငွေတွေကို ဒီအတိုင်း စုပုံထားတာတွေကို မြင်တွေ့နေရတာပါပဲ။ အဲဒါကလည်း လောဘသားတွေရဲ့ စိတ်ထဲမှာ ငွေကို လုယူချင်စိတ် ဖြစ်လာအောင် လှုံ့ဆော်ထားမှုတစ်ခုလို ဖြစ်နေပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင်း လုံခြုံရေးအတွက် ဇိုမီးလူငယ် လူမှုကူညီရေးအသင်းမှ လူငယ်တစ်ရာကျော်သည် အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ညဘက်တွင် ကင်းလှည့်နေကြောင်း ဇိုမီးလူငယ် လူမှုကူညီရေးအသင်းမှ တာဝန်ခံကြီးကြပ်ရေးမှူး ဦးဝုန်ဇခုပ်က ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြောက်ဦး ဖြစ်စဉ်ကြောင့် လူထုဆူပူအုံကြွကာ တည်ငြိမ်အေးချမ်းရေး အနှောင့်အယှက်ဖြစ်မည် စိုးရိမ်သဖြင့် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးကဆိုသည်။
ပုဂ္ဂိလက လုံခြုံရေးကုမ္ပဏီများနှင့် အသင်းအဖွဲ့များမှ နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများ၏ ယူနီဖောင်းနှင့် ဆင်တူသည့် ဝတ်စုံများကို ဝတ်ဆင်ပါက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ ဖြင့် အမှုဖွင့် အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်အရ သိရသည်။
မြန်မာ့အချုပ်အခြာ အာဏာတည်မြဲရာ မောင်တောခရိုင်ဒေသထဲ၌ မြန်မာအမျိုးသားများ ပိုင်ဆိုင်သော နယ်မြေများ ပိုမိုကျယ်ပြန့်လာရန် လိုအပ်နေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သမိုင်းပညာရှင် ဒေါက်တာအေးချမ်းဦးဆောင်သော ထိုအဖွဲ့သည်လည်း ထင်သလောက် အထမြောက်ပုံ မရချေ။ ပူးပေါင်းပါဝင်သူ၊ ငွေကြေးအင်အား၊ လုံခြုံရေး အာမခံချက် စသဖြင့် အရာရာ အားနည်းပုံရသည်။