News

POST TAGGED AS

လုံခြုံရေးကောင်စီ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်းမဟုတ်သော ၂ နှစ်သက်တမ်းအဖွဲ့ဝင်နေရာအတွက် ဂျာမနီနိုင်ငံကို ရွေးချယ်တင်မြှောက်လိုက်ပြီး ကျန်အဖွဲ့ဝင်နေရာများကို ဘယ်လ်ဂျီယံ၊ တောင်အာဖရိက၊ ဒိုမီနီကန်ရီပတ်ဘလစ်နှင့် အင်ဒိုနီးရှားတို့က ရရှိကြမည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ဘင်္ဂါလီဒုက္ခသည်များ အရေးကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို ပြင်းထန်သည့် အရေးယူ ဆောင်ရွက်မှုလုပ်ဆောင်မည့်ကိစ္စတွင် တရုတ်နိုင်ငံက အကာအကွယ်ပေးလျက် ရှိနေသည့်အတွက် အမေရိကန်ပြည်ထောင်စုက တရုတ် အစိုးရကို သွယ်ဝိုက်သည့်သဘောဖြင့် ဝေဖန်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
အဖွဲ့ဝင် ၁၅ နေရာရှိသော ကုလလုံခြုံရေးကောင်စီတွင် အမြဲတမ်းမဟုတ်သော အလှည့်ကျအဖွဲ့ဝင် နှစ်နေရာအတွက် ယှဉ်ပြိုင်မှုတွင် အစ္စရေးက နောက်ဆုတ်သွားသောကြောင့် လွယ်ကူချောင်ချိသွားပြီး ဂျာမနီနှင့် ဘယ်လ်ဂျီယံတို့ ဝင်ရောက်ယှဉ် ပြိုင်ကြမည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဝင်များ မေလ ၁ ရက်က ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်လေ့လာခဲ့ပြီး ပြည်နယ်အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများကို တွေ့ဆုံခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၃၀ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မွန်းလွဲပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်များပါသော ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြန်လည်လက်ခံရေးစခန်းများအထိ လိုက်လံပြသရန် စီစဉ်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များကို နေရပ်စွန့်ခွာသွားစေရန် လိင်အကြမ်းဖက်သည့် နည်းဗျူဟာကို အသုံးပြုနေသည်ဆိုသော စွပ်စွဲချက်ကို မြန်မာအစိုးရ ကိုယ်စားလှယ်က ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးတွင် ပြင်းထန်စွာပယ်ချခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။