News

POST TAGGED AS

လူ့အခွင့်အရေး

သူတို့ရဲ့အဆင့်အတန်းဟာ ကော်မရှင်ဥက္ကဋ္ဌ ဆိုရင် ဝန်ကြီးအဆင့်ရှိပြီး ကျန်အဖွဲ့ဝင်တွေဆိုရင် ဒုဝန်ကြီးအဆင့်ကို ရရှိလို့ နိုင်ငံတော်က ချီးမြှင့်တဲ့ လစာစရိတ် အဆောင်အယောင်တွေကို ရရှိကြပါသေးတယ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အမည်နာမ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ကော်မရှင်၏ အဆင့်အတန်း သတ်မှတ်ချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ လုပ်ထုံး၊ လုပ်နည်းများကို ဥပဒေဖြင့် အတိအကျ ပြဋ္ဌာန်း ပေးထားသော်လည်း ယခု ကလေးမ နှစ်ဦး နှိပ်စက်ခံရမှုနှင့် ပတ်သက်၍မူ ကော်မရှင်က ဥပဒေပါ လုပ်ထုံး၊ လုပ်နည်းများအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိကြောင်း ၎င်းတို့၏ တရားဝင် ဖြေကြားချက်များတွင်ပင် ပေါ်လွင်ထင်ရှားနေပေသည်။
အင်းဝအပ်ချုပ်ဆိုင်တွင် ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသော အိမ်အကူမိန်းကလေး နှစ်ယောက်ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် အချို့သည် လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်မပေးခဲ့သည့်အတွက် ပြည် ထောင်စုအစိုးရက ထိရောက်စွာအရေးယူ ဆောင်ရွက်ရန် အရေးကြီးအဆိုကို စက်တင်ဘာ ၂၂ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်သို့ တင်သွင်းလိုက်သည်
အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ မိန်းကလေးနှစ်ဦး နှိပ်စပ်ညှဉ်းပန်ခံရမှုတွင် နိုင်ငံသားများကို ထိရောက်စွာ ကာကွယ်ပေးမှု မရှိဘဲ ကြားဝင် စေ့စပ်ညှိနှိုင်းပေးခဲ့သော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များကို ထိရောက်စွာ အရေးယူပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးမည် ဖြစ်သည်။
ရန်ကုန်မြို့တော် လမ်း ၄၀ ရှိ အင်းဝ အပ်ချုပ်ဆိုင်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် မိန်းကလေးနှစ်ဦး နှိပ်စက်ညှင်းပန်းခံရမှုတွင် ကာယကံရှင် မိန်းကလေး နှစ်ဦးကို လူတွေ့စစ်ဆေးခြင်းမရှိဘဲ့ နှစ်ဘက်တွေ့ဆုံ ညှိနှိုင်းပေးခဲ့ခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ပြောကြားသည်
အမျိုးသမီးများသည် ပင်လယ်ကမ်းခြေတွင် ဘီကီနီဝတ်စုံ မပေါ်တပေါ်လေးများဖြင့် ဝတ်ဆင်ကာ ရေကူးကြခြင်းကို တားမြစ်ထားသည့် နိုင်ငံများ ရှိပါသည်။ သို့သော် ပြင်သစ်နိုင်ငံတွင် အမျိုးသမီးများကို ဝတ်စုံအပြည့် လုံခြုံစွာဖြင့် ရေကူးခြင်းကို အမျိုးသမီးများ အခွင့်အရေးအား ပိတ်ပင်ရာရောက်သည်ဟု ယူဆပြီး ပင်လယ်ကမ်းခြေတွင် ဝတ်စုံပြည့်ဖြင့် ရေဆင်းမကူးရန် တားမြစ်ခဲ့သည်။
"ဒီခြောက်လအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အရင်နှစ်ကထက် ပိုမိုများပြားလာတယ်၊ အဓိက တိုင်းရင်းသား ဒေသတွေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေ အဖြစ်များတာ တွေ့ရတယ်၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက ကျူးလွန်နေတာကို ထင်ဟပ်ဖော်ပြနေတယ်"