News

POST TAGGED AS

လူသေအလောင်း

သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ကုန်းသာကျေးရွာအုပ်စု ပေါက်မှော်ရွာမြောက်ဘက် ဆင်လူးချောင်းအတွင်းမှ အမျိုးသားအလောင်းတစ်လောင်း ယနေ့ စက်တင်ဘာ ၁၄ ရက် နံနက် ၈ နာရီခန့်က တွေ့ရှိခဲ့ကြောင်း တာပွန်နယ်မြေရဲစခန်းထံမှ သိရှိရသည်။
လှည်းကူးမြို့နယ်၊ ဖောင်ကြီး အရှေ့ကျေးရွာအုပ်စု၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ဧရိယာအတွင်းရှိ ကဒီချောင်းကမ်းစပ်တွင် ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၅) ရပ်ကွက် စိန်မေရီမူကြိုကျောင်းရှိ အိမ်သာကျင်းအတွင်း ပြုတ်ကျသေဆုံးခဲ့သည့် မူကြိုကလေးငယ်အလောင်းကို ဩဂုတ် ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ပြန်လည်တူးဖော်၍ အမှုဖွင့်စစ်ဆေးနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်က ပြောကြားသည်။
06-Aug-2018 tagged as လူသေအလောင်း
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၄ ရပ်ကွက်ရှိ ငမိုးရိပ်ချောင်းတွင် သြဂုတ်လ ၅ ရက် နံနက် ၁၁ နာရီက အမျိုးသားနှစ်ဦး၏အလောင်းကို ပတ်ဝန်းကျင်နေသူများက စတင်မြင်တွေ့ခဲ့ပြီးနောက် ရုပ်အလောင်းများကို ဆေးရုံသို့ပို့အပ်ပြီး သေမှုသေခင်း အမှတ်စဉ် ဖွင့်လှစ်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာရှိ ဝင်းဝတံတားအနီး လမ်းရေကျော်နေသည်ကို လှေဖြင့်ဖြတ်ကူးခဲ့ရာမှ လှေမှောက်ကာ ပျောက်ဆုံးခဲ့သူကို နှစ်ရက်အကြာတွင် အလောင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း ရှာဖွေရေးလုပ် ဆောင်နေသူများထံမှ သိရသည်။
ဒလမြို့နယ် ညောင်ငုတ္တိုကျေးရွာအနီး ဒလ-ပျော်ဘွယ်ကြီး ကားလမ်းဘေးရှိ ရေမြောင်းထဲတွင် ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းက ပုပ်ပွသေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။