News

POST TAGGED AS

လူသေမှု

02-Jul-2017 tagged as လူသေမှု
ရန်ကုန်၊ ဇူလိုင် ၂ ကမာရွတ်မြို့နယ်၊ (၉) ရပ်ကွက်၊ ပြည်လမ်းဘေးရှိ အင်းယားကန်တွင် ရေထဲပြုတ်ကျရာမှ သေဆုံးခဲ့သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသား၏ ရုပ်အလောင်းကို ဇူလိုင်လ ၂ ရက် နံနက် ၉ နာရီတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
03-Jun-2017 tagged as လူသေမှု
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ၂၅ မိုင်ခန့် ကွာဝေးသည့် မိုင်းကိုးကျေးရွာအုပ်စု မယ်ညီး (အောက်) ရွာတွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို တူမီးသေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးနေသည်ကို ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က တွေ့ရှိခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။
02-Jun-2017 tagged as လူသေမှု
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၇) ရပ်ကွက်၊ ပင်လုံလမ်းရှိ မြို့နယ်စည်ပင်သာယာရုံးဝင်းတွင် မေလ ၃၁ ရက် မွန်းလွဲပိုင်းက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူ နေအိမ်ပေါ်မှ ဆင်းသွားသောကြောင့် ကြိုးဆွဲချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
01-Jun-2017 tagged as လူသေမှု
ကယားပြည်နယ် ဒီမောဆိုမြို့နယ် ဝမ်းလထွားကျေးရွာ နေအိမ်ခြံဝင်းတစ်ခုရှိ မာလကာပင်တစ်ပင်တွင် ယနေ့ (ဇွန်လ ၁ ရက်) နံနက် ၄ နာရီခန့်က အသက် ၁၉ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း ဒီမောဆို မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
08-Mar-2017 tagged as လူသေမှု
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)အုပ်စု ဝမ်တုံရွာနှင့် ဟိုနား (အာခါ) ရွာကြားရှိ ဝါးရုံပင်အောက်တွင် မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးနေသည့် အမျိုးသမီးတစ်ဦးကို တွေ့ရှိကြောင်း ဝမ်ပုံနယ်မြေ ရဲစခန်းထံမှ သိရသည်။
30-Nov-2016 tagged as လူသေမှု
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ် နားခမ်းကျေးရွာရှိ တက္ကသိုလ်ကျောင်းသားများငှားရမ်းနေထိုင်သည့်ဘော်ဒါဆောင်တစ်ခု၌ နိုဝင်ဘာ ၂၉ရက် ညနေ ၅နာရီခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်
“ရောဂါဝေဒနာ ခံစားနေရသူတွေ၊ စီးပွားရေး အဆင်မပြေတဲ့သူတွေ စိတ်ညစ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင် သတ်သေမှု ဒီနှစ်ထဲမှာ အတော်ဖြစ်လာတယ်၊ တချို့က အရက်၊ မူးယစ်ဆေးဝါး သုံးစွဲပြီး စိတ်ဖောက်ပြန်ရာက ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဖြစ်ခဲ့တယ်။ စိတ်ညစ်နေသူ ရောဂါဝေဒနာခံစားနေရသူတွေကို မိသားစုနဲ့ ပတ်ဝန်းကျင်က နွေးထွေးနှစ်သိမ့်မှုတွေ ဆောင်ရွက်ပေးမှ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေ လျော့နည်းကျဆင်း လာမှာပါ”
26-Sep-2016 tagged as လူသေမှု
“သေဆုံးသူက အစအနောက်သန်သူလို့ မိသားစုထံက သိရတယ်။ လမ်းထဲက ကောင်လေးကြိုးဆွဲချ သေဆုံးတာသွားကြည့်ပြီး အိမ်ကမိသားစုကို ကြိုးဆွဲချသေဆုံးပုံလုပ်ပြရာက သူပါ သေဆုံးခဲ့တာ”
22-Sep-2016 tagged as လူသေမှု
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီမြို့ မြို့မ(၁)ရပ်ကွက် မြို့သစ်ရှိ နေအိမ်တစ်လုံးတွင် အိမ်မီးဖိုချောင်နှင့် လျှပ်စစ်ရေမော်တာကို ဆက်သွယ်ထားသော မီးကြိုးပေါ် အဝတ်လှမ်းရာမှ စက်တက်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲက အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ကြောင်း ဇေယျဝတီနယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်
14-Sep-2016 tagged as လူသေမှု
“တိုက်ခန်းမှာရှိတဲ့ တံခါးပေါက်တွေ အလုံ ပိတ်ထားပြီး အိမ်ထဲမှာ လေအေးပေးစက် ဖွင့်ထားတယ်၊ သေဆုံးသူ အမျိုးသား သောက်ခဲ့တဲ့ ဆေးပေါလိပ်တွေတော့ အခန်းထဲမှ တွေ့ခဲ့တယ်၊ လေထု အဆိပ်သင့်တာလို့ ကနဦး ယူဆရပြီး မိသားစုဝင် လေးဦးကို ဆေးစစ်နေတယ်၊ ဆေးစာ အဖြေရမှ ဘာကြောင့် ဖြစ်တယ်ဆိုတာ အတိအကျ ပြောနိုင်မယ်”