News

POST TAGGED AS

လူသေမှု

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဘုရားကြီးလမ်းရှိ တောရကမ္မဋ္ဌာန်း ကျောင်းတိုက်တွင် ခိုးမှုကျူးလွန်သည်ဟုဆိုသော အမျိုးသားတစ်ဦးကို ကြိုးတုပ်ပြီး သေဆုံးအောင် ရိုက်နှက်မှုဖြင့် ကမ္မဋ္ဌာန်းကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယအမျိုးသားတို့ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ခရမ်းမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၉ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်က အကြွေးပေးဆပ်ရန် များနေသဖြင့် စိတ်ညစ်နေသည်ဟုဆိုသော အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး အဆိပ်သောက် သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
အောင်မြေသာစံမြို့နယ်အတွင်းရှိ နေအိမ်တစ်ခုတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၇ နာရီခွဲခန့်အချိန်က သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးတည်း တီဗီကြည့်နေစဉ် အခန်းအတွင်းရှိ ပလပ်ခုံအပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ် သေဆုံးသွားခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
နှစ်သစ်ကူးည ပါတီပွဲတွင် ထိုးကြိတ်ကန်ကျောက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် သရုပ်ဆောင်အောင်ရဲထွေး၏ အမှုမှ ဖမ်းဆီးထားသူသုံးဦးကို ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် တရားစွဲတင်ပို့ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်၊ ခရေပင်ရိပ်မွန် ကားမှတ်တိုင်အနီး လယ်ကွက်ရေမြောင်းထဲတွင် ရွှေလက်ကောက်သုံးကွင်း ဝတ်ဆင်ထားသော ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးခဲ့ရာ ရေနစ်သေဆုံးရခြင်းဖြစ်ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၁) ရပ်ကွက်၊ မင်္ဂလာရာမလမ်းနှင့် သဲကန်လမ်းထောင့်ရှိ အကျယ်ပေ ၃၀၀ ပတ်လည်၊ အနက် ၁၂ ပေခန့်ရှိ ရေမရှိသော သဲကန်အတွင်းတွင် ဇန်နဝါရီလ ၂၇ ရက် ညနေ ၄ နာရီခန့်က အမျိုးသား၊ အမျိုးသမီး ခွဲခြားမရသော လူအရိုးစုတစ်စု တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် နေအိမ်သို့လာပြီး အရက်သောက်သုံးသူ ဧည့်သည်ကို အသက် ၃၆ နှစ်အရွယ် အိမ်ရှင်အမျိုးသားက အရက်ပုလင်းနှင့် ရိုက်သတ်မှု ဇန်နဝါရီလ ၁၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။
21-Jan-2018 tagged as လူသေမှု
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်တွင် သေမှုသေခင်းပေါင်း တစ်ထောင်ကျော်၌ ရေနစ်သေဆုံးသူ ၃၀၀ ကျော်ဖြင့် သေဆုံးမှု အများဆုံး ဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် စာရင်းအရ သိရသည်။
သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ ကျိုက်ခေါက်ဘုရားလမ်းမဘေးတွင် ဇန်နဝါရီလ ၁၈ ရက် နံနက် ၂ နာရီခွဲခန့်က ဓာတ်ကြိုးပြတ်ကျနေသဖြင့် သွားရောက်ပြုပြင်တပ်ဆင်သည့် အသက် ၃၄ နှစ်အရွယ် လျှပ်စစ်ကျွမ်းကျင် - ၅ ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းရှိ နဝဒေးဘောလုံးကွင်းတွင် ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်က ဆောက်လက်စပွဲကြည့်စင် သုံးလွှာပေါ်မှ အမည်မသိ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။