News

POST TAGGED AS

လူသတ်မှု

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်း မုဒိမ်းကျင့် အသတ်ခံမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ချစ်သူ အမျိုးသားအပါအဝင် တရားလိုပြသက်သေ သုံးဦးကို မတ်လ ၂၆ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
25-Mar-2018 tagged as လူသတ်မှု
ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ နဝဒေးလမ်းပေါ်တွင် မတ်လ ၂၃ ရက် ည ၇ နာရီခန့်က အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့်အတူ အသက် ၂၆ နှစ်အရွယ် ၎င်း၏ဖခင်ဖြစ်သူတို့ ဓားခုတ်ခံခဲ့ရကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
သမီးရည်းစားနှစ်ဦးကို လမ်းခွဲခိုင်းသည့် မိန်းကလေးဘက်မှ ဦးလေးတော်စပ်သူမှာ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းလှိုင်ရပ်ကွက်၊ ဗန်ဒါပင်လမ်းတွင် ဓားဖြင့်ထိုး သတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမကြီးအနီးတွင် တွေ့သည့်အလောင်းမှာ ရန်ကုန်မှချောင်းသာသို့ ကားအငှားလိုက်ပြီး အသတ်ခံရသော အငှားယာဉ် မောင်းဖြစ်ကာ မော်တော်ယာဉ်ပါ လုယက်ခံရကြောင်း ကျောင်းကုန်းမြို့မ ရဲစခန်းထံမှ သိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်း မုဒိမ်းကျင့်အသတ်ခံရမှုမှ တင်ပြထားသည့် တရားလိုပြသက်သေ ၃၅ ဦးအနက် ကိုးဦးကို သက်သေစာရင်းမှ ပယ်ခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးထံမှသိရသည်။
ရှမ်းပြည် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ပန်လွန်ကျေးရွာတွင် ဇနီးချင်း စကားများရန်ဖြစ်ထားသည့် ကိစ္စနှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူများပါ ထပ်မံစကားများ ရန်ဖြစ်ခဲ့ရာမှ နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုဦးစီးမှူး မရွှေရည်ဝင်းကို လူသတ်၊ မုဒိမ်းကျင့်၊ ပစ္စည်းလုယူမှုဖြင့် ဖမ်းဆီးထားသော အငှားယာဉ်မောင်း မျိုးဇော်ဦး၏အမှုကို မတ်လ ၁၂ ရက်နေ့ က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး သေဆုံးသူအမျိုးသမီး၏ မိဘနှစ်ပါးအပါအဝင် တရားလိုပြသက်သေငါးဦးကို စစ်ဆေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင်ဖြစ်ပွားခဲ့သော လူသတ်မှုနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူ မြန်မာရွှေ့ပြောင်းလုပ်သား လေးဦးကို မတ်လ ၂၉ ရက်တွင် အပြီးသတ် အမိန့်ချရန်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းလပ်မြို့ နမ့်ခင်းရွာနေ အလုပ်ရှင်တစ်ဦးကိုသတ်ကာ ချောင်းရေထဲမျှောချပြီး ထွက်ပြေးတိမ်းရှောင်နေသော လယ်စာရင်းငှားကို ၆ လအကြာ မတ်လ ၅ ရက် နံနက်ပိုင်းတွင် ဖမ်းမိကြောင်း မိုင်းပါလျှိုးနယ်မြေ ရဲစခန်းမှူး ရဲအုပ်မြင့်စိုးအောင်က ပြောကြားသည်။
ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ မင်းနန္ဒာလမ်းနှင့် သဇင်လမ်းထိပ်တွင် ဈေးဝယ်နေသည့် အမျိုးသားနှစ်ဦးကို အရက်ဖိုးမပေးဟုဆိုကာ အမျိုးသားသုံးဦးက အုတ်နီခဲ၊ တုတ်များဖြင့် ဝိုင်းထုနှက်ရိုက်ခဲ့သောကြောင့် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ သေဆုံးခဲ့ပြီး တစ်ဦးမှာ ပေါက်ပြဲဖူးရောင် ဒဏ်ရာများရခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။