News

POST TAGGED AS

လူသတ်မှု

ရန်ကုန်လေဆိပ်တွင် ရှေ့နေဦးကိုနီကို လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ဇွန်လ ၂၈ ရက်နေ့ ရုံးချိန်းတွင် တရားစွဲဆိုခံထားရသူ သေနတ်သမားကြည်လင်းက မိသားစု၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံရမှုကြောင့် လူသတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။
လှည်းကူးမြို့နယ်၊ အင်းတိုင်သံချပ်ကာ တပ်ရင်းရှိ အရာရှိရိပ်သာတွင် အိမ်အကူလုပ်ကိုင်ခဲ့သည့် အမျိုးသမီးတစ်ဦး နှိပ်စက်ညှဉ်းပန်းခံရသည့် ဒဏ်ရာများဖြင့် သေဆုံးမှုမှ ဥပဒေအရာရှိ အမျိုးသမီးကို လူသတ်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ ဇွန်လ၂၈ ရက်နေ့က နှစ်ဖက်ရှေ့နေများမှာ ရုံးတော်သို့ ပါဝါတင်သွင်းခဲ့ကြောင်း တောင်ပိုင်း ခရိုင်တရားရုံးထံမှ သိရသည်။
အမရပူရမြို့နယ် ရတနာပုံတက္က သိုလ်အနီးရှိ ရွှေဘုံသာသာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းအတွင်း ဇွန် ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က ရတနာပုံတက္ကသိုလ်ကျောင်းသား သမီးရည်းစားစုံတွဲ စကားများရန်ဖြစ်ကြရာမှ လူသတ်မှုဖြစ်ခဲ့ပြီး ကျောင်းသူသေဆုံးခဲ့ကြောင်း အမရပူရမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆတ်သေကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၂၁ ရက်နေ့ ည ၇ နာရီခွဲခန့်က အိမ်ပေါ်၌ အရက်သောက်စားနေသည့် ဘုန်းကြီးတစ်ပါးကို ယင်းအိမ်ရှင်၏ သားဖြစ်သူက ဓားနှင့်ထိုးသတ်ခဲ့ကြောင်း သာဂရ နယ်မြေရဲစခန်းထံမှ သိရသည်။
FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှုမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ဂ)ဖြင့် စွဲချက်တင်စစ်ဆေးနေသော အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ဇွန်လ ၂၂ ရက် (ယနေ့) တွင် သေဒဏ်အမိန့် ချမှတ်လိုက်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။
ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ သီတာနွယ်လမ်းရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၁၈ ရက် မွန်းလွဲပိုင်းက အသက် ၄၆ နှစ်အရွယ်ရှိ ဇနီးဖြစ်သူကို ၎င်း၏ ခင်ပွန်းဖြစ်သူက ရဲတင်းဖြင့်ခုတ်သတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
05-Jun-2018 tagged as လူသတ်မှု
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့ အမှတ် (၂) ရပ်ကွက်၊ ကမ်းနားလမ်းရှိ အိမ်တစ်လုံးတွင် ဇွန်လ ၄ ရက် နံနက် ၃ နာရီက ခင်ပွန်းသည်က ဓားဖြင့်ခုတ်သတ်သဖြင့် ဇနီးနှင့် ယောက္ခမနှစ်ဦးတို့ သေဆုံးခဲ့ ကြောင်း မအီမြို့ရဲစခန်းထံမှ သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ မီးရထားသံလမ်းကူး သံဘောင်တံတားပေါ်တွင် အကြော်ဆရာ အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့မှုမှ တရားစွဲဆိုထားသော အမျိုးသားနှစ်ဦးအနက်တစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် ကိုးနှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ကျန်တစ်ဦးမှာ အမှုမှကွင်းလုံးကျွတ်လွတ်မြောက်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။
ပဲခူးတိုင်း အင်းတိုင်သံချပ်ကာတပ်ရင်း အရာရှိရိပ်သာရှိ အိမ်တစ်အိမ်တွင် အိမ်အကူလုပ်ရင်း သေဆုံးခဲ့သော တွံတေးမြို့နယ် အုတ်ဖိုရွာနေ အမျိုးသမီး၏ ကျန်ရစ်သည့်ကလေး ၄ ဦးကို တိုင်းအစိုးရက ကူညီမည်ဖြစ်ကြောင်း တွံတေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးက ပြောကြားသည်။
မိုးကုတ်မြို့နယ်အတွင်း ယခုလလယ်ပိုင်းက ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ အမျိုးသား ခြောက်ဦးကို ဖမ်းဆီးထားပြီး နှစ်ဦးလွတ်မြောက်နေဆဲဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။