News

POST TAGGED AS

လူသတ်မှု

06-Jul-2017 tagged as လူသတ်မှု တာမွေ
တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကြိုးဆွဲချ သေဆုံးခဲ့သည့် ဒုဦးစီးမှူး၏ အမှုကို သုံးလကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် လူသတ်မှုပုဒ်မ ပြောင်းလဲအမှုဖွင့်လှစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
02-Jul-2017 tagged as လူသတ်မှု
ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်၊ ဘုရင့်နောင်လမ်းသွယ်ရှိ နေအိမ်တစ်ခုတွင် အသက် ၂၈ နှစ်အရွယ် ပထွေးဖြစ်သူကို မယားပါ သားက ဓားနှင့် ထိုးသတ်သော လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရွှေပြည်သာ မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
30-Jun-2017 tagged as လူသတ်မှု
ပြည်မြို့ နဝဒေး ကုန်စည်ကားဝင်းရှိ Royal Star KTV စင်တင်စားသောက်ဆိုင်တွင် ဇွန်လ ၂၈ ည ၉ နာရီခန့်က သီချင်းဆိုရန် လာရောက်သော အသက် ၂၃ နှစ်အရွယ် လူငယ်သုံးဦးက အခန်းမရ၍ ဆိုင်ဝန်ထမ်းများနှင့် စကားများ ရန်ဖြစ်ရာမှ ဆိုင်ဝန်ထမ်းများက အုပ်စုဖွဲ့ ရိုက်နှက်သဖြင့် တစ်ဦး သေဆုံးခဲ့ကြောင်း ယင်းမြို့ အမှတ် (၂) မြို့မရဲစခန်းမှ ဒုရဲမှူးတင်ကိုက ပြောကြားသည်။
17-Jun-2017 tagged as လူသတ်မှု
ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ချောင်းဝကျေးရွာအုပ်စု ကျွန်းသုံးပင်ကျေးရွာ နေအိမ်တစ်အိမ်တွင် ဇွန်လ ၉ ရက်နေ့ ည ၈ နာရီခန့်က ဇနီးဖြစ်သူကိုသတ်၍ အလောင်းကို မီးရှို့ဖျက်ဆီးခဲ့သူ အမျိုးသားကို အခင်းဖြစ်ပြီး တစ်ပတ်အကြာတွင် ဖမ်းဆီးရမိခဲ့သည်ဟု ထန်းတပင် မြို့မရဲစခန်းမှူး ဒုရဲမှူးခင်စိုးလွင်က ပြောကြားသည်။
ထိုင်းနိုင်ငံမှ ကာရာအိုကေဘားတွင် သီချင်းဆိုသူ တေးသံရှင် အမျိုးသမီးတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီးနောက် အချိန်အတန်ကြာ တိမ်းရှောင်နေခဲ့သည့် ထိုင်းအမျိုးသမီးငယ် သုံးဦးသည် အိမ်နီးချင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံတွင် အဖမ်းခံခဲ့ပြီးနောက် ၎င်းတို့ကို ချင်းရိုင်ရှိ ထိုင်းရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် The Nation သတင်းစာက ရေးသားဖော်ပြသည်။
02-Jun-2017 tagged as လူသတ်မှု
သာကေတမြို့နယ် ရှုခင်းသာမြို့ ပတ်လမ်းရှိ မြရည်နန္ဒာအိမ်ရာဝင်း ခြံအမှတ် ၈ တွင် ယနေ့(ဇွန်လ ၁ ရက်) နံနက် ၈ နာရီက အသက် ၃၂ နှစ်အရွယ် ဇနီးဖြစ်သူနှင့် ခင်ပွန်း ဖြစ်သူ အိန္ဒိယနိုင်ငံသားတို့ သေဆုံးခဲ့သော နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ရာ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သတ်၍ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သုံးသပ်ခဲ့သည်။
01-Jun-2017 tagged as လူသတ်မှု
သာကေတမြို့နယ် ၁၀/တောင် ၁၃ ရပ်ကွက် ရှုခင်းသာမြို့ပတ်လမ်းရှိ မြရည်နန္ဒာ အိမ်ရာဝင်း ခြံအမှတ် ၈ တွင် ယနေ့ (ဇွန်လ ၁ ရက်) နံနက် ၈ နာရီခန့်က အမျိုးသမီးတစ်ဦးနှင့် အိန္ဒိယနိုင်ငံသားတစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
25-May-2017 tagged as လူသတ်မှု
မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်ဈေးလမ်းရှိ စက်ချုပ်ဆိုင်တွင် မေလ ၂၄ ရက် နံနက်ပိုင်းက ပလာတာရောင်းသူ အမျိုးသားက စက်ချုပ်ဆိုင်ပိုင်ရှင်နှင့် အဖော်အမျိုးသားကို ကတ်ကြေးဖြင့် ထိုးပြီး တူဖြင့် ထုရိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။