News

POST TAGGED AS

လူသတ်မှု

24-Sep-2017 tagged as လူသတ်မှု
မြောက်ဥက္ကလာပမြို့နယ် (၁) ရပ်ကွက် တံတားလေး ဘူတာအနီး လက်ဖက်ရည်ဆိုင်တွင် စက်တင်ဘာလ ၂၂ ရက် ည ၈ နာရီခန့်က ညီဖြစ်သူကို အကြွေးတစ်သောင်းခွဲ တောင်းခိုင်းရာ အကြွေးမပေးဘဲ ပါးရိုက်လွှတ်သည်ဟုဆိုသော အမျိုးသားကို အစ်ကိုဖြစ်သူက ဓားနှင့် ခုတ်သတ်ခဲ့သော လူသတ်မှု ဖြစ်ပွားခဲ့သည်။
22-Sep-2017 tagged as လူသတ်မှု
လှည်းကူးမြို့နယ် ပြည်တော်သာရပ်ရှိ နေအိမ်တစ်လုံးတွင် စက်တင်ဘာလ ၂၁ ရက် ည ၇ နာရီခွဲက အသက် ၃၉ နှစ်အရွယ် မိထွေးဖြစ်သူကို လင်ပါသားဖြစ်သူက ဓားနဲ့ဆင့်ထိုးသတ်ခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
19-Sep-2017 tagged as လူသတ်မှု
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ တိုးချဲ့ (၄) ရပ်ကွက်တွင် နေမကောင်း၍ ဈေးရောင်း မထွက်သော အမျိုးသမီးကို ၎င်း၏ခင်ပွန်းက လည်ပင်းအား ဓားဖြင့်ထိုးကာ ရဲတင်းဖြင့် ဦးခေါင်းကို ဆင့်ထုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
09-Sep-2017 tagged as လူသတ်မှု
မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းဘေးရှိ ဝါယာလက် အထည်ချုပ်စက်ရုံရှေ့တွင် စက်တင်ဘာလ ၉ ရက် နံနက် ၃ နာရီဝန်းကျင်က ရန်ပွဲဝင်ထိန်းသည့် တပ်မတော်မှ အသက် ၃၀ ဝန်းကျင် ဒုတပ်ကြပ်တစ်ဦး ဓားဖြင့်ထိုးသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ သုနန္ဒာလမ်းသွယ် (၅) လမ်းအနီး လမ်းဘေးအမှိုက်ပုံတွင် အမျိုးသားတစ်ဦး သေဆုံးနေမှုကို ယာဉ်တိုက် သေဆုံးမှုဖြင့် အမှုဖွင့်စစ်ဆေးရာမှ လူသတ်မှု ပေါ်ပေါက်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
06-Sep-2017 tagged as လူသတ်မှု
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ မြို့သစ်ရပ်ကွက် နမ့်ခုတ်ချောင်းတွင် ယနေ့(စက်တင်ဘာလ ၆ ရက်) နံနက်က လက်ထိပ်ခတ်ခံရပြီး အသတ်ခံထားရသည့် အမည်မသိ အမျိုးသားတစ်ဦးအလောင်းကို တွေ့ရှိကြောင်း မိုင်းဆတ်မြို့မ ရဲစခန်းထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာ၊ ရိုးကြီးကျောင်းလမ်းတွင်နေထိုင်သော အသက် ၅၁ နှစ်အရွယ် ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ဦး စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းက အသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
29-Aug-2017 tagged as လူသတ်မှု ဆရာမ
ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့နယ် ပင်မှီကျေးရွာတွင် ဩဂုတ်လ ၂၆ ရက်နေ့ ည ၇ နာရီခန့်က အလယ်တန်းပြ ဆရာမတစ်ဦး မိမိကိုယ်ကို တူဖြင့်ထုရိုက်၍ သေဆုံးခဲ့မှု ဖြစ်ပေါ်ခဲ့ရာ မသင်္ကာ၍ အသေးစိတ် စစ်ဆေးရာမှ ခင်ပွန်းဖြစ်သူကသတ်၍ သေဆုံးခြင်း ဖြစ်သည်ဟု ဖော်ထုတ်ရရှိကြောင်း အောင်ပန်းနယ်မြေ ရဲစခန်းထံမှ သိရသည်။
20-Aug-2017 tagged as လူသတ်မှု
ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၇) ရပ်ကွက်တွင် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို လမ်းခင်းကျောက်ခဲဖြင့် ထုရိုက်သတ်ခဲ့သော ညီအစ်ကို နှစ်ဦးကို ဩဂုတ်လ ၁၈ ရက်နေ့က အရှေ့ပိုင်းခရိုင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့ နယ် ချောင်းကြီးကျေးရွာအုပ်စု ချောင်းကြီးကျေးရွာအနီး ရွှေချောင်းကြီးကုမ္ပဏီ ရွှေတူးဖော်ရေး လုပ်ကွက်တစ်ခုတွင် သြဂုတ်လ ၁၄ ရက်နေ့ ည ၉ နာရီအချိန်က လူသတ်မှုဖြစ်ခဲ့ကြောင်း သပိတ်ကျင်းမြို့ မရဲစခန်းထံမှ သိရသည်။