News

POST TAGGED AS

လူသတ်မှု

11-Oct-2017 tagged as လူသတ်မှု
ဒုတိယ သမ္မတ ဟင်နရီဗန်ထီးယူ၏ တူဝမ်းကွဲတော်စပ်သူ ကျဲအိုလျန်မန်း အသတ်ခံရမှုကို ဖော်ထုတ် အရေးယူနိုင်ရန် လူ ၃၀ ကျော်ကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
10-Oct-2017 tagged as လူသတ်မှု
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ နယ် မိုးကောင်းကျေးရွာအုပ်စု ရွာသစ် ကျေးရွာတွင် အသက် ၄၇နှစ် အမျိုးသား တစ်ဦး သေဆုံးမှု သင်္ဂြိုဟ်ပြီး သုံးလကျော်အကြာတွင် လူသတ်မှု ပေါ်ပေါက်ခဲ့ကြောင်း တောင်ငူမြို့ အမှတ် (၃) နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
05-Oct-2017 tagged as လူသတ်မှု
သာကေတမြို့နယ်၊ စက်မှုလက်မှု ရပ်ကွက်ရှိ စုပေါင်းရေဆိုးထွက်ပေါက်ဝ ငမိုးရိပ်ချောင်းကမ်းစပ်တွင် အောက်တိုဘာလ ၄ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့သော လူသတ် အလောင်းဖျောက် စွန့်ပစ်ခံရသည့် အမျိုးသားမှာ ဒုသမ္မတ ဟင်နရီဗန်ထီးယူ၏ တူတစ်ဝမ်းကွဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၆ ရက်နေ့အထိ လူသတ်မှုပေါင်း ၁၀၈ မှုအထိ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
30-Sep-2017 tagged as လူသတ်မှု
အရက်သေစာသောက်စား၍ မူးလာပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက်သော ခင်ပွန်းကို ဇနီးဖြစ်သူက ခြောက်ပေါင်တူဖြင့် ထုသတ်ခဲ့ကြောင်း ပဲခူးမြို့နယ် အမှတ် ၃ နယ်မြေရဲစခန်းထံမှ သိရှိရသည်။
28-Sep-2017 tagged as လူသတ်မှု ပြည်
ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ ရွှေတံခါးရပ်ကွက်တွင် အမျိုးသားတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ရက် ၂၀ကျော်အကြာ စက်တင်ဘာလ ၂၆ ရက်တွင် သံသယရှိသူ လာရောက် အဖမ်းခံခဲ့ကြောင်း ပြည်မြို့ အမှတ် (၃) နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
24-Sep-2017 tagged as လူသတ်မှု
သာကေတမြို့နယ်၊ ၁/ထူပါရုံ ရပ်ကွက်၊ ထူပါရုံ (၁၆) လမ်း၊ အနောက် သာသနာ့အလင်းရောင် ဓမ္မာရုံရှေ့တွင် စက်တင်ဘာလ ၂၀ ရက် ည ၉ နာရီခွဲခန့်က စက်ဘီးနဲ့တိုက်မိသဖြင့် လဲကျသွားသည့် အလံတိုင်အား ပြန်စိုက်ခိုင်းသူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
24-Sep-2017 tagged as လူသတ်မှု
မြောက်ဥက္ကလာပမြို့နယ် (၁) ရပ်ကွက် တံတားလေး ဘူတာအနီး လက်ဖက်ရည်ဆိုင်တွင် စက်တင်ဘာလ ၂၂ ရက် ည ၈ နာရီခန့်က ညီဖြစ်သူကို အကြွေးတစ်သောင်းခွဲ တောင်းခိုင်းရာ အကြွေးမပေးဘဲ ပါးရိုက်လွှတ်သည်ဟုဆိုသော အမျိုးသားကို အစ်ကိုဖြစ်သူက ဓားနှင့် ခုတ်သတ်ခဲ့သော လူသတ်မှု ဖြစ်ပွားခဲ့သည်။
22-Sep-2017 tagged as လူသတ်မှု
လှည်းကူးမြို့နယ် ပြည်တော်သာရပ်ရှိ နေအိမ်တစ်လုံးတွင် စက်တင်ဘာလ ၂၁ ရက် ည ၇ နာရီခွဲက အသက် ၃၉ နှစ်အရွယ် မိထွေးဖြစ်သူကို လင်ပါသားဖြစ်သူက ဓားနဲ့ဆင့်ထိုးသတ်ခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
19-Sep-2017 tagged as လူသတ်မှု
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ တိုးချဲ့ (၄) ရပ်ကွက်တွင် နေမကောင်း၍ ဈေးရောင်း မထွက်သော အမျိုးသမီးကို ၎င်း၏ခင်ပွန်းက လည်ပင်းအား ဓားဖြင့်ထိုးကာ ရဲတင်းဖြင့် ဦးခေါင်းကို ဆင့်ထုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။