News

POST TAGGED AS

လူသတ်မှု

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင်ဖြစ်ပွားခဲ့သော လူသတ်မှုနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူ မြန်မာရွှေ့ပြောင်းလုပ်သား လေးဦးကို မတ်လ ၂၉ ရက်တွင် အပြီးသတ် အမိန့်ချရန်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းလပ်မြို့ နမ့်ခင်းရွာနေ အလုပ်ရှင်တစ်ဦးကိုသတ်ကာ ချောင်းရေထဲမျှောချပြီး ထွက်ပြေးတိမ်းရှောင်နေသော လယ်စာရင်းငှားကို ၆ လအကြာ မတ်လ ၅ ရက် နံနက်ပိုင်းတွင် ဖမ်းမိကြောင်း မိုင်းပါလျှိုးနယ်မြေ ရဲစခန်းမှူး ရဲအုပ်မြင့်စိုးအောင်က ပြောကြားသည်။
ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ မင်းနန္ဒာလမ်းနှင့် သဇင်လမ်းထိပ်တွင် ဈေးဝယ်နေသည့် အမျိုးသားနှစ်ဦးကို အရက်ဖိုးမပေးဟုဆိုကာ အမျိုးသားသုံးဦးက အုတ်နီခဲ၊ တုတ်များဖြင့် ဝိုင်းထုနှက်ရိုက်ခဲ့သောကြောင့် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ သေဆုံးခဲ့ပြီး တစ်ဦးမှာ ပေါက်ပြဲဖူးရောင် ဒဏ်ရာများရခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
နှစ်သစ်ကူးည ကလပ်တွင် အုပ်စုဖွဲ့ ရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့သည့် ဟာသသရုပ်ဆောင် အောင်ရဲထွေး၏အမှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားလိုဘက်မှ အမှုပြန်လည်ရုပ်သိမ်းပေးရန် ဆန္ဒပြုစာတင်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
ကျိုင်းတုံမြို့တွင် ၁၀ တန်း ကျောင်းသူကို အမျိုးသားနှစ်ဦးက လူသတ်မီးရှို့ အလောင်းဖျောက်ဖျက်မှု ကျူးလွန်ခဲ့မှုကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ကျိုင်းတုံခရိုင် တရားသူကြီး ဦးမျိုးဆွေဦးက ပြောကြားသည်။
24-Feb-2018 tagged as လူသတ်မှု
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဦးထွန်းညိုလမ်းရှိ အထည်ချုပ်စက်ရုံ တစ်ရုံရှေ့တွင် ရည်းစားကိစ္စဖြင့် လူငယ်ချင်း စကားများ ရန်ဖြစ်ကြရာမှ အသက် ၁၇ နှစ်အရွယ် ယောက်ျားတစ်ဦး ဓားထိုး အသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုဦးစီးမှူး အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကို လူသတ်၊ မုဒိမ်းကျင့်၊ ပစ္စည်းလုယူမှုတို့ဖြင့် ဖမ်းဆီးထားသော အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲပိုင်းက ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မလေးခုဖြင့် စတင်တရားစွဲဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
ရန်ကုန် လေဆိပ်တွင် ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုမှ ဖမ်းဆီးတရားစွဲဆိုထားသော ကြည်လင်း အပါအဝင် လေးဦး၏အမှုကို မြောက်ပိုင်းခရိုင်တရားရုံးတွင် ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) နံနက်ပိုင်းက ရုံးထုတ်စစ်ဆေးခဲ့ရာ ပြစ်မှုပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်ထားသည့် အောင်ဝင်းထွန်းကို ကျပ်သိန်း ၁၀၀၀ ဖြင့် အာမခံပေးခဲ့ကြောင်း ရှေ့နေ ဦးနေလထံမှ သိရသည်။
22-Feb-2018 tagged as ပဲခူး လူသတ်မှု
ပဲခူးတိုင်း ဖဒိုမြို့အနောက်ဘက် ပဲခူးရိုးမတောင်ပေါ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုနှင့်ပတ်သက်၍ ၁၂ ရက်အကြာ၌ ဘိုင်းတား သစ်တောကြိုးဝိုင်းထဲတွင် ကျူးလွန်သူဟု ယူဆရသူကို ဖမ်းမိခဲ့ကြောင်း ဖဒိုနယ်မြေရဲစခန်းမှူး ရဲအုပ်ရဲထွဋ်ကိုက ပြောသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ ရွှေလီမြစ်ကမ်းဘေးတွင် ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းက အပုပ်နံ့များထွက်နေသည့် ဆာလာအိတ်တစ်အိတ်အတွင်းမှ လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း မူဆယ် မြို့မရဲစခန်းထံမှ သိရှိရသည်။