News

POST TAGGED AS

လူသတ်မှု

အထက်ပုဇွန်တောင်လမ်းရှိ ပုဇွန်တောင်ဈေးအနီး ရွိုင်ရယ်တည်းခိုခန်းတွင် စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းက အမျိုးသမီးတစ်ဦးနှင့်အတူ လာရောက်တည်းခိုသည့် အသက် ၃၀ နှစ် ဝန်းကျင်ရှိ အမျိုးသားအခန်းအတွင်း ထိုးသွင်းဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးခဲ့ပြီး သံသယရှိသူ အမျိုးသမီး ထွက်ပြေးလွတ်မြောက်နေကြောင်း မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှူးထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဦးဟန်ထူးနှင့် ၆ ဦးက သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရမှုကို တရားစွဲခံရသူများ၏ မိဘများထံမှ လာဘ်ငွေ ကျပ်သိန်း ၇၂၀ နှင့် တံစိုးလက်ဆောင်များကိုရယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောကြားသည်။
13-Sep-2018 tagged as လူသတ်မှု တာမွေ
တာမွေဈေးအနီး ကျိုက္ကဆံလမ်းပေါ်တွင် ဖြစ်ပွားခဲ့သည့် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ဓားခုတ်လူသတ်မှုနှင့်ပတ်သက်၍ အမျိုးသားနှစ်ဦးကို ထပ်မံ ဖမ်းဆီးရမိထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
12-Sep-2018 tagged as လူသတ်မှု တာမွေ
တာမွေဈေး မှတ်တိုင်အနီး ကျိုက္ကဆံလမ်းပေါ်တွင် ယမန်နေ့ ညပိုင်းကဖြစ်ပွားခဲ့သည့် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ဓားခုတ်လူသတ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူထားသူ ရှစ်ဦးတွင် သာကေတလူမိုက်ဟုဆိုသူ ဝင်းထွဋ်ဝင်းပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မင်းတည်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုတွင် မသကာင်္သူ အမျိုးသားလေးဦးကို စက်တင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးကာ စစ်ဆေးလျက်ရှိကြောင်း ချောင်းဦး မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် မြစ်ကျိုးဒိုင်နယ်အုပ်စု လေးအိမ်စု ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့နံနက် ၆ နာရီခန့်က စကားများရန်ဖြစ်စဉ် နှာခေါင်းကို လက်ဖြင့်ပိတ်သည့်ဇနီးကို ခင်ပွန်းသည်က ပုဆိန်ဖြင့်ထုသတ်ခဲ့ကြောင်း မြစ်ကျိုးနယ်မြေ ရဲစခန်းထံမှ သိရသည်။
အိမ်အကူအမျိုးသမီး သေဆုံးမှုနှင့်ပတ်သက်၍ လူသတ်မှု ပုဒ်မဖြင့် ဥပဒေအရာရှိ အမျိုးသမီးကို တရားစွဲဆို စစ်ဆေးနေသည့် အမှုအား လာမည့်ရုံးချိန်းတွင် တရားသူကြီးအသစ်ဖြင့် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း တောင်ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။
မှော်ဘီမြို့နယ်၊ ဆပ်သွားတော ကျေးရွာအုပ်စု၊ ရန်ကုန်-ပြည်လမ်းဘေးရှိ အမှတ် (၇၀၂) ခြေမြန်တပ်ရင်းဝင်းအတွင်းတွင် ဩဂုတ်လ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး လည်ပင်းညှစ်သတ်ခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာ၊ ငုဝါလမ်း သွယ်ပေါ်တွင် ဩဂုတ်လ ၃၁ ရက် ည ၁၀ နာရီခွဲခန့်က အသက် ၂၆ နှစ်အရွယ် သားဖြစ်သူက ဖခင်ဖြစ်သူကို လည်လှီးသတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
01-Sep-2018 tagged as လူသတ်မှု
မိတ္ထီလာ မြို့မဈေးကြီးအတွင်းရှိ ဈေးအိမ်သာအနီးတွင် စက်တင်ဘာလ ၁ ရက်နေ့က ဈေးညစောင့်နှင့် သန့်ရှင်းရေး ဝန်ထမ်းဖြစ်သူ အမျိုးသားကို ၎င်း၏ဇနီးဖြစ်သူက ဓားနှင့်ထိုးခဲ့ကြောင်း ဈေးအုပ်ချုပ်ရေးရုံးအဖွဲ့ထံမှ သိရသည်။