News

POST TAGGED AS

လူသတ်မှု

အကြော်ဆရာ အသတ်ခံရမှုမှ တစ်ဦးကို ထောင်ဒဏ်ချမှတ်၊ တစ်ဦးကို ကွင်းလုံးကျွတ်လွတ်
ရန်ကုန်၊ မေ ၂၉

မင်္ဂလာတောင်ညွန့်မြို့နယ်၊ မီးရထားသံလမ်းကူး သံဘောင်တံတားပေါ်တွင် အကြော်ဆရာ အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့မှုမှ တရားစွဲဆိုထားသော အမျိုးသားနှစ်ဦးအနက်တစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် ကိုးနှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ကျန်တစ်ဦးမှာ အမှုမှကွင်းလုံးကျွတ်လွတ်မြောက်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။

အရှေ့ပိုင်းခရိုင် တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင် စစ်ဆေးခံရသည့် အသက် ၂၀ နှစ် ညီညီအောင် (ခ) ရာဂျာ (ခ) ခေါင်းဖြူကုလားနှင့် အသက် ၅၃ နှစ် ဇော်ဦးတို့မှာ ၂၀၁၇ ခုနှစ် မေလ ၅ ရက်နေ့က အကြော်ဆရာဖြစ်သူ အောင်မင်းနှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မီးရထားသံလမ်းကူး သံဘောင်တံတားပေါ်တွင် အရက်အတူ သောက်စားရာမှ စကားများ ရန်ဖြစ်ကာ ဓားဖြင့်ထိုးခဲ့သောကြောင့် အကြော်ဆရာ၏ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာနှင့် မေးစေ့ပြတ်ရှဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ယင်းလူသတ်မှုနှင့် ပတ်သက်ပြီး ညီညီအောင် (ခ) ရာဂျာ (ခ) ခေါင်းဖြူ ကုလားနှင့်ဇော်ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး၍ မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူပြီး အရှေ့ပိုင်းခရိုင် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ကာ တစ်နှစ်နီးပါးခန့် အမှုကိုစစ်ဆေးပြီးနောက် ယခုနှစ် မေလ ၂၈ နေ့က အပြီးသတ်စီရင်ချက် အမိန့်ကိုချမှတ်ခဲ့ကြောင်း တရားရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ လူသတ်မှုကို စစ်ဆေးခဲ့ရာတွင် အသက် ၅၃ နှစ် ဇော်ဦးမှာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသောကြောင့် အမှုမှ အပြီးသတ်ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သည့် ညီညီအောင် (ခ) ရာဂျာ (ခ) ခေါင်းဖြူကုလားကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၂) အရ အလုပ်နှင့်ထောင်ဒဏ် ကိုးနှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

S-03




FOLLOW US