News

POST TAGGED AS

လူသတ်မှု

19-May-2018

လူသတ်မှု
အရက်မူးနေသည့် ခင်ပွန်းဖြစ်သူကို ဇနီးက ဓားဖြင့်ထိုးသတ်
ရန်ကုန်၊ မေ ၁၉

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်၊ မေယုလမ်းသွယ်တွင် မေလ ၁၉ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က အရက်မူး ပြီး နေအိမ်ပြန်လာကာ ထမင်းခူးခိုင်းသည့် ခင်ပွန်းဖြစ်သူကို ၎င်း၏ ဇနီးက ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၅၀ နှစ် ဦးဝင်းသန်းမှာ ယင်းနေ့က အရက်သေစာ သောက်စားပြီး နေအိမ်သို့ပြန်လာခဲ့ပြီးနောက် ဇနီးဖြစ်သူ အသက် ၄၄ နှစ် ဒေါ်မာမာအေးကို ၎င်းထမင်းစားရန်အတွက် ထမင်းခူးခိုင်းရာမှ နှစ်ဦး စကားများ ရန်ဖြစ်ပြီးနောက် ဇနီးဖြစ်သူက ဦးဝင်းသန်းကို ကြက်သွန်လှီးဓားဖြင့် ထိုးခဲ့ကြောင်း ရဲအရာရှိကပြောသည်။ 

“မူးရူးပြန်လာလို့ ဇနီးဖြစ်သူက ထမင်းမခူးပေးနိုင်ဘူး ပြောဆိုရာက လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ခဲ့ကြတာ။ လုံးထွေးသတ်ပုတ်ကြရင်း အနီးမှာရှိတဲ့ ကြက်သွန်လှီးဓားနဲ့ လင်ဖြစ်သူရဲ့ ဘယ်နို့အုံအောက်ကို တစ်ချက်တည်း ထိုးသွင်းလိုက်ပေမယ့် ဓားနဲ့ထိုးခံရသူက အခင်းဖြစ်နေရာမှာတင် သေဆုံးသွားရှာတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

လူသတ်မှုကျူးလွန်ခဲ့သူဟုဆိုသော ဒေါ်မာမာအေးကိုဖမ်းဆီးပြီး ဒဂုံဆိပ်ကမ်း မြို့မ ရဲစခန်းက (ပ) ၃၇၄ / ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US