News

POST TAGGED AS

လူသတ်မှု

အဖေက ထင်းချောင်းဖြင့်ရိုက်၍ ၆ နှစ် ကလေး သေဆုံး
ကျိုင်းတုံ၊ မတ် ၂၄ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တုံတာမြို့ ပန်ပဲရွာအနီးတွင် မတ်လ ၂၃ ရက် ညနေ ၆ နာရီခန့်က အဖေက ထင်းချောင်းဖြင့် ရိုက်၍ ၆ နှစ်အရွယ်ကလေး သေဆုံးခဲ့ကြောင်း တုံတာနယ်မြေ ရဲစခန်းမှူး ရဲအုပ်ဝင်းညွန့်က ပြောကြားသည်။ 

“တောထဲကနေ မိသားစုသုံးယောက် အိမ်ပြန်လာချိန်မှာ လမ်းမှာ ကလေးက ဆော့နေလို့ ထင်းချောင်းနဲ့ နောက်စေ့ကို ရိုက်ခဲ့တာ။ ခေါင်းကိုခွဲစိတ်ကြည့်တော့ နောက်စေ့ကွဲပြီး ဦးနှောက်ထိလို့ သေတာလို့ သိရတယ်”ဟု ၎င်းက ဆိုသည်။ 

ကလေးသေဆုံးမှုနှင့် ပတ်သက်၍ ဦးကျဖူ (၄၀နှစ်) ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း တုံတာနယ်မြေရဲစခန်းထံမှ သိရသည်။ 

R-16



FOLLOW US