News

POST TAGGED AS

လူသတ်မှု

01-Sep-2016

လူသတ်မှု
လူသတ်ပြီး တိမ်းရှောင်လာသူ နှစ်ဦးကို ဝေါမြို့၌ ဖမ်းမိ
တောင်ငူ၊ စက်တင်ဘာ ၁

ကရင်ပြည်နယ် ဘားအံမြို့နယ်မှ လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးလာသော အမျိုးသားနှင့် ၎င်း၏ အဖော်အမျိုးသားတို့ကို ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်အနီး၌ ယနေ့(စက်တင်ဘာလ ၁ရက်) နံနက် ၅ နာရီခန့်က ဖမ်းမိခဲ့ကြောင်း ဝေါ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

“အခုဖမ်းမိသူက အရက်ဝိုင်းတစ်ခုမှာ လူသတ်ပြီး အဖော်တစ်ယောက်နဲ့အတူ ခရီးသည်တင် ဒိုင်နာကားနဲ့ ရန်ကုန်ဘက်ကို ထွက်ပြေးလာတုန်း ဖမ်းမိတာ” ဟု ဝေါမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ဖမ်းဆီးခံရသူမှာ အသက် ၁၈နှစ်အရွယ် ကိုအောင်မင်းဦးနှင့် ၎င်း၏အဖော် အမျိုးသား အသက် ၂၂နှစ်အရွယ် ကိုချစ်ကိုကိုတို့ဖြစ်ကြောင်း၊ ယနေ့ နံနက် ၁နာရီခန့်က ဘားအံမြို့နယ် အမှတ်(၈)ရွှေကင်းရပ် နေအိမ်တစ်လုံးတွင် ၎င်းတို့နှစ်ဦးနှင့် အသက် ၃၁နှစ်အရွယ် ကိုမျိုးအေးတို့ အရက် သောက်စားပြီး စကားများ ရန်ဖြစ်ရာမှ ကိုမျိုးအေးကို ဆန်ထိုးပိုက်ဖြင့် ထိုးသတ်ကာ ထွက်ပြေးလာရာမှ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ 

ဆန်ထိုးပိုက်ဖြင့် အသတ်ခံရသူ ကိုမျိုးအေးမှာလည်း လူသတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးတစ်ဦးဖြစ်ကြောင်း ဝေါမြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

လူသတ်မှုကျူးလွန်သည်ဟုစွပ်စွဲခံရသူနှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ဖြင့် ဘားအံမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားပြီး ယင်းနှစ်ဦးကို ဖမ်းမိထားသော ဝေါမြို့နယ် ရဲတပ်ဖွဲ့များက ဘားအံမြို့မ ရဲစခန်းကို လွဲအပ်သွားမည်ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရှိရသည်။

  • VIA


FOLLOW US