News

POST TAGGED AS

လူသတ်မှု

17-Jun-2017 tagged as လူသတ်မှု
ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ချောင်းဝကျေးရွာအုပ်စု ကျွန်းသုံးပင်ကျေးရွာ နေအိမ်တစ်အိမ်တွင် ဇွန်လ ၉ ရက်နေ့ ည ၈ နာရီခန့်က ဇနီးဖြစ်သူကိုသတ်၍ အလောင်းကို မီးရှို့ဖျက်ဆီးခဲ့သူ အမျိုးသားကို အခင်းဖြစ်ပြီး တစ်ပတ်အကြာတွင် ဖမ်းဆီးရမိခဲ့သည်ဟု ထန်းတပင် မြို့မရဲစခန်းမှူး ဒုရဲမှူးခင်စိုးလွင်က ပြောကြားသည်။
ထိုင်းနိုင်ငံမှ ကာရာအိုကေဘားတွင် သီချင်းဆိုသူ တေးသံရှင် အမျိုးသမီးတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီးနောက် အချိန်အတန်ကြာ တိမ်းရှောင်နေခဲ့သည့် ထိုင်းအမျိုးသမီးငယ် သုံးဦးသည် အိမ်နီးချင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံတွင် အဖမ်းခံခဲ့ပြီးနောက် ၎င်းတို့ကို ချင်းရိုင်ရှိ ထိုင်းရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် The Nation သတင်းစာက ရေးသားဖော်ပြသည်။
02-Jun-2017 tagged as လူသတ်မှု
သာကေတမြို့နယ် ရှုခင်းသာမြို့ ပတ်လမ်းရှိ မြရည်နန္ဒာအိမ်ရာဝင်း ခြံအမှတ် ၈ တွင် ယနေ့(ဇွန်လ ၁ ရက်) နံနက် ၈ နာရီက အသက် ၃၂ နှစ်အရွယ် ဇနီးဖြစ်သူနှင့် ခင်ပွန်း ဖြစ်သူ အိန္ဒိယနိုင်ငံသားတို့ သေဆုံးခဲ့သော နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ရာ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သတ်၍ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သုံးသပ်ခဲ့သည်။
01-Jun-2017 tagged as လူသတ်မှု
သာကေတမြို့နယ် ၁၀/တောင် ၁၃ ရပ်ကွက် ရှုခင်းသာမြို့ပတ်လမ်းရှိ မြရည်နန္ဒာ အိမ်ရာဝင်း ခြံအမှတ် ၈ တွင် ယနေ့ (ဇွန်လ ၁ ရက်) နံနက် ၈ နာရီခန့်က အမျိုးသမီးတစ်ဦးနှင့် အိန္ဒိယနိုင်ငံသားတစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
25-May-2017 tagged as လူသတ်မှု
မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်ဈေးလမ်းရှိ စက်ချုပ်ဆိုင်တွင် မေလ ၂၄ ရက် နံနက်ပိုင်းက ပလာတာရောင်းသူ အမျိုးသားက စက်ချုပ်ဆိုင်ပိုင်ရှင်နှင့် အဖော်အမျိုးသားကို ကတ်ကြေးဖြင့် ထိုးပြီး တူဖြင့် ထုရိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
23-May-2017 tagged as လူသတ်မှု
ဒဂုံအရှေ့မြို့နယ်၊ အမှတ် (၆) ရပ်ကွက်တွင် မေလ ၂၂ ရက် ည ၁၁ နာရီခန့်က လူငယ်အုပ်စု နှစ်ဖက်ခိုက်ရန် ဖြစ်ရာမှ နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူ လူငယ်လေးဦးကို လှည့်ကင်းရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီးနိုင်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-May-2017 tagged as လူသတ်မှု
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ မယကရုံး ကားမှတ်တိုင်အနီးတွင် မေလ ၁၉ ရက်ညပိုင်းက လူသတ်ကာ ဆိုင်ကယ်လုယူ ထွက်ပြေးလာသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးသည့် ရဲတပ်ကြပ် ဓားထိုးခံခဲ့ရကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ကန်သာယာလမ်းသွယ်တွင် အမျိုးသမီးနှစ်ဦး စကားများ ရန်ဖြစ်ရာမှ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ လည်ပင်းထိုးသွင်း ဒဏ်ရာနှစ်ချက်၊ ရင်အုံ ထိုးသွင်း ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် သဲဖြူရွာတွင် ယနေ့ (ဧပြီလ ၂၆ ရက်) နံနက်က လင်မယားချင်း စကားများရာမှ ဇနီးကို ခင်ပွန်းက တူနှင့်ထုသတ်ခဲ့ကြောင်း ဒက္ခိဏသီရိ မြို့မရဲစခန်းထံမှ သိရသည်။
လူသတ်မှုနှင့် ပတ်သက်၍ တရားမျှတမှု ရှိစေရေးအတွက် ဘာသာပေါင်းစုံ လူငယ်များ၊ သေဆုံးသူ၏ မိသားစုဝင်များနှင့် ဒေသခံများက တောင်းဆိုရခြင်းဖြစ်ကြောင်း၊ ဆုတောင်းပွဲတွင် သေဆုံးသူ ဇော်မင်းဦး ကောင်းရာသုဂတိလားပါစေ၊ သေဆုံးသူ ဇော်မျိုးဦးအတွက် တရားမျှတမှု ရရှိပါစေ စသည့်ဗီနိုင်းများ၊ ဖယောင်းတိုင်ထွန်း ဆုတောင်းခြင်း၊ အမှုမှန် ပေါ်ပေါက်ရေး တောင်းဆိုခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။