News

POST TAGGED AS

လူရိုက်မှု

အရက်အတူသောက်ရာမှ စကားများပြီး တုတ်ဖြင့်ရိုက်သတ်
တောင်ငူ၊ ဩဂုတ် ၁၅

ပဲခူးတိုင်း ဖြူးမြို့နယ် အနောက်ဘက် ပဲခူးရိုးမတောင်ပေါ် ဖြူးလေးချောင်းဖျားရပ်တွင် ဩဂုတ် ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က မီးသွေးဖုတ်နေသည့် မယားညီအစ်ကိုနှစ်ဦး အရက်အတူသောက်စားရာမှ စကားများရန်ဖြစ်စဉ် တုတ်ဖြင့်ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း ဖြူးမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ အုတ်တွင်းမြို့နယ်တင်းကုတ်တန်းကျေးရွာအုပ်စု ကိုးဂွကျေးရွာနေ စောနေထူး (၃၉ နှစ်) နှင့် ကိုဆန်း (၃၅ နှစ်) ဆိုသူတို့ နှစ်ဦးသည် ဖြူးမြို့အနောက်ဘက် ပဲခူးရိုးမတောင်ပေါ် ဖြူးလေးချောင်းဖျားတွင် ဝါးခုတ်သွားခဲ့ပြီး အရက်အတူသောက်စားခဲ့ကြရာမှ စကားများစဉ် အရှည် ၂ တောင်ခန့်ရှိသည့် သစ်သားတုတ်ဖြင့် ဦးဆန်းကို စောနေထူးက ရိုက်သတ်ခဲ့ကာ စောနေထူးကို ဩဂုတ် ၁၄ ရက်နေ့တွင် ဖမ်းမိခဲ့ပြီး အဆဲခံရ၍ ရိုက်သတ်ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး စောနေထူးကို ဖြူးမြို့မရဲစခန်းက (ပ) ၄၁၃/ ၂၁၀၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးအမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15



FOLLOW US