News

POST TAGGED AS

လူရိုက်မှု

တာချီလိတ်တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး အရိုက်ခံရ
ကျိုင်းတုံ၊ မတ် ၂၉

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် ဝမ်တုံရွာအနီးရှိ ကျိုင်းတုံ - တာချီလိတ်လမ်းတွင် မတ်လ ၂၇ ရက်မွန်းလွဲပိုင်းက အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးကို အမျိုးသားခြောက်ဦးက ဝိုင်းရိုက်ခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

“နယ်ခြားစောင့်တပ်က ရဲဘော်လေးက ခွင့်ရက်စေ့လို့ တာချီလိတ်ကနေ တပ်ကို လမ်းလျှောက်ပြန်လာချိန်မှာ ဆိုင်ကယ်နှစ်စီးလာလို့ လမ်းကြုံလိုက်ဖို့တားတယ်။ အဲဒီနောက်မှာ ဆိုင်ကယ်နှစ်စီးပေါ်က အမျိုးသားခြောက်ဦးက ဝိုင်းရိုက်တာ”ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

အရိုက်ခံရသော တပ်သားဘုန်းမြင့်မောင်မှာ ဘယ်ဘက်နံရိုး ၄ ချောင်းကျိုး၊ ခေါင်းဘယ်ဘက် ချိုစောင်းပေါက်ပြဲ၊ ဘေလုံးကွဲဒဏ်ရာနှင့် အခြားဒဏ်ရာများလည်း ရရှိခဲ့ကြောင်း၊ ရိုက်နှက်သူ အမျိုးသား ၆ ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄ ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US