News

POST TAGGED AS

လူရိုက်မှု

တာချီလိတ်တွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းမိ

ကျိုင်းတုံ၊ မတ် ၁၀

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် ရန်ကုန်ရွာတွင် မတ်လ ၉ ရက် နံနက်ပိုင်းက လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ အပါအဝင် မူးယစ်ဆေးဝါးသုံးစွဲသည့် ကိရိယာများ ဖမ်းမိကြောင်း တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့စု(၃၀)ထံမှ သိရသည်။

တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတို့ကို တွေ့ရှိခဲ့ပြီး လုံးထွေး သတ်ပုတ်ခဲ့ရကြောင်း၊ အိမ်ရှင်အမျိုးသားက ဓားဖြင့်ခုခံသည့်အပြင် သေနတ်တစ်ချက် ပစ်ခတ်ကာ အိမ်ပေါ်မှ ခုန်ချထွက်ပြေး လွတ်မြောက်သွားကြောင်း ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

တစ်လုံးထိုး ပြောင်းချော သေနတ်အတို တစ်လက်၊ ပွိုင့် ၄၅ ကျည်သုံးတောင့်၊ တူမီးသေနတ် နှစ်လက်၊ ဓားချွန်တစ် ချောင်း၊ စိတ်ကြွဆေးပြား ၂၅၀ နှင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ကိရိယာခြောက်ဘူး အပါအဝင် ဆိုင်ကယ် သုံးစီးကို ဖမ်းဆီးရခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက်သွားသော ဦးပီဒွီ(၅၀ နှစ်)ကို ဖမ်းမိရန် စုံးစမ်း နေပြီး ၎င်းအပါအဝင် ကိုအေလီဆန်(၂၈ နှစ်)နှင့် မနာမီ(၂၈ နှစ်)တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများနှင့် ရာဇသတ်ကြီး ပုဒ်မနှင့် (ပ)၇၀/၂၀၁၈၊ တို့ဖြင့် အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US