News

POST TAGGED AS

လူရိုက်မှု

သင်္ဃန်းကျွန်းမှ လှည်းကူးသို့ ပြေးဆွဲနေသည့် YBS (၁) ယာဉ်ပေါ်တွင် ဖေဖော်ဝါရီလ ၇ ရက် မွန်းလွဲပိုင်းက ခရီးသည် အမျိုးသမီးတစ်ဦးကို ထိုးကြိတ်ပြီး ပိုက်ဆံအိတ်လုယူခဲ့သော အမျိုးသားသုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မ ရဲစခန်းထံမှ သိရှိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းပြ ဆရာမတစ်ဦးအား ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က စာသင်ခန်းအတွင်း ဝင်ရောက်ရိုက်နှက်ခဲ့သည့် ခင်ပွန်းဖြစ်သူကို အမှုဖွင့်အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။
ပြည်မြို့ပေါ် ရပ်ကွက်များအတွင်း ပြီးခဲ့သည့်ရက်ပိုင်းက လမ်းပေါ်သွားလာနေသူများကိုရန်ပြုကာ အုပ်စုဖွဲ့၍ ရိုက်နှက်ခဲ့သူများအနက်မှ သုံးဦးကို လက်ရှိ ဖမ်းဆီးရမိထားကြောင်း ပြည်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးမြင့်ဇော်က ပြောကြားသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၈၈) ရပ်ကွက်၊ သော်ကမြိုင်လမ်းနှင့် နှင်းဆီလမ်းထောင့်တွင် ဇန်နဝါရီလ ၁ ရက် နံနက် ၁ နာရီခန့်က အရက်သေစာ သောက်စားမူးယစ်သည့် လူငယ်နှစ်စု အုပ်စုဖွဲ့ရိုက်နှက်ခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-Dec-2017 tagged as လူရိုက်မှု
မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ မြို့သစ် (၇) ရပ်ကွက်၊ တမာလမ်းပေါ်တွင် ဒီဇင်ဘာလ ၃ ရက် မွန်းလွဲ ၁၁ နာရီခန့်က ခွေးဟောင်သည်ကို အကြောင်းပြု၍ အသက် ၃၁ နှစ်အရွယ် အစ်ကိုဖြစ်သူကို ဝမ်းကွဲညီတော်စပ်သူက ဆဲဆိုကာ သစ်သားတုတ်နှင့် ရိုက်နှက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
06-Aug-2017 tagged as လူရိုက်မှု
လှိုင်သာယာမြို့နယ်၊ တံတားဖြူ မှတ်တိုင်အနီးရှိ KTV ဆိုင်တစ်ခုတွင် ဩဂုတ်လ ၄ ရက် ညပိုင်းက အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ရာ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
08-Jun-2017 tagged as လူရိုက်မှု
ဒဂုံမြိုသစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၉) ရပ်ကွက်၊ ငုဝါမြိုင်လမ်းထိပ်တွင် ကွမ်းယာရောင်းချနေသူ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးကို ‘နင်က ဆရာမကြီးလား’ ဟု ပြောဆိုပြီး တုတ်ဖြင့် ရိုက်နှက်ခဲ့သူ အမျိုးသားနှစ်ဦးကို ဇွန်လ ၆ ရက် ညပိုင်းက အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းဒေသ၊ မုန်းပြဒါးတောင်တွင် ဇန်နဝါရီလ ၁၄ ရက် နံနက် ၄ နာရီခန့်က ထင်းခုတ်ရန် လှည်းဖြင့် တောတက်လာသူ လေးဦးကို လက်နက်ကိုင်ဆောင်ထားသူများက ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။