News

POST TAGGED AS

လူမှုရေးအသင်း

လူမှုဝန်ထမ်းဦးစီးဌာနမှ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံကြေးပေးအပ်
ဗန်းမော်၊ ဇွန် ၈

ဗန်းမော်ခရိုင် လူမှုဝန်ထမ်းရုံးတွင် ယခုလ ၈ ရက်နေ့က စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများကို ထောက်ပံကြေးပေးအပ်ခဲ့သည်။

ယင်းကဲ့သို့ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ " စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေကို ရေရှည်ဆက်လက်တည်တံ့ခိုင်မြဲအောင် စိတ်ရောကိုယ်ရောပါဝင်ဆောင်ရွက်နိုင်အောင် ထောက်ပံ့ပေးရခြင်းဖြစ်ပါသည်" ဟု ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။

ယခုပေးအပ်ခြင်းသည် ၂၀၁၈ ခုနှစ် ဧပြီလမှစတင်ကာ စက်တင်ဘာလအထိဖြစ်ပြီး ရေရှင်တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး ပရဟိတကျောင်း၊ ညောင်ပင်သာ လူငယ်ဖွံ့ဖြိုးရေး ဂေဟာကျောင်း၊ ဘိုးဘွားရိပ်သာ အစရှိသည့် စေတနာ့ဝန်ထမ်းအဖွဲ့များသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ရေရှင်တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းအတွက် ၉၀၃၃၀၀၀ ကျပ် ၊ ညောင်ပင်သာလူငယ်ဖွံ့ဖြိုးရေး ဂေဟာကျောင်းအတွက် ၈၂၃၂၀၀၀ ကျပ်နှင့် ဘိုးဘွားရိပ်သာအတွက် ၂၂၇၁၀၀ ကျပ်တို့ကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း ယင်းဌာနမှသိရသည်။

R-14



FOLLOW US