News

POST TAGGED AS

လူငယ်

03-Feb-2018 tagged as လူငယ်
“ကျွန်တော်က ကျွန်တော့်ပရိုဂရမ်မာတွေကို သူများလုပ်နေတဲ့အတိုင်း သာမန် ၁၀ ခုကို လိုက်လုပ်နေမယ့်အစား၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တစ်ခုလောက်ပဲ ရအောင်တီထွင်ပါလို့ အမြဲပြောတယ်”
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင်း လုံခြုံရေးအတွက် ဇိုမီးလူငယ် လူမှုကူညီရေးအသင်းမှ လူငယ်တစ်ရာကျော်သည် အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ညဘက်တွင် ကင်းလှည့်နေကြောင်း ဇိုမီးလူငယ် လူမှုကူညီရေးအသင်းမှ တာဝန်ခံကြီးကြပ်ရေးမှူး ဦးဝုန်ဇခုပ်က ပြောကြားသည်။
ထိုင်းဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့က သက်တမ်းအလိုက် လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပူးတွဲလျှောက်ထားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ခံရသည် ဘူးသီးတောင်၊ မောင်တောဒေသရှိ လုပ်အားပေးသွားမည့် လူငယ်များအတွက် ကိုယ်အင်္ဂါ ထိခိုက်မှု အာမခံ Global World ကုမ္ပဏီတွင် ထားရှိ ထားကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုး က ပြောကြားသည်။
အမေရိကန်ပြည်ထောင်စု၊ မစ်ချီဂန်ပြည်နယ်၊ ဖလင့်မြို့တွင် သောက်သုံးရေများထဲ၌ ခဲဆိပ်များ ပါဝင်လာမှုကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခဲ့ပြီးနောက် အသက် ၁၁ နှစ်သမီး ကျောင်းသူလေးတစ်ဦးက ရေထဲတွင် ခဲဆိပ်များ ပါဝင်မှု ရှိ၊ မရှိကို အလွယ်တကူ ထောက်လှမ်းနိုင်သည့် ကိရိယာတစ်မျိုးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း Business Insider သတင်းတွင် ဖော်ပြထားသည်။
၁၄ ကြိမ်မြောက် ဒီမိုကရေစီဆိုင်ရာ ကမ္ဘာ့လူငယ်များနေ့ ဂုဏ်ပြုပွဲအခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ရက်မှ အထွေထွေ အတွင်းရေးမှူး ကိုစောဂျက်ပစီက ပြောကြားသည်။
17-Sep-2017 tagged as လူငယ်
Millennials တို့သည် ဆိုရှယ်မီဒီယာဖြစ်သည့် Facebook နှင့်လည်း ရင်းနှီးကျွမ်းဝင်သူများ ဖြစ်လာသည်။ တစ်နည်းပြောရလျှင် သူတို့ရှေ့က အစ်ကိုကြီးမျိုးဆက် Mark Zuckerberg တီထွင်သွားသည့် Facebook တွင် ပျော်မွေ့သူများ ဖြစ်လာသည်။ သူတို့အထာကို Mark Zuckerberg က ကောင်းစွာသိသည်။ သူတို့သည် နည်းပညာကို စွဲမက်ခုံမင်ကြမည်။ အပေါင်းအသင်းခုံမင်မည်။ သို့သော် သူတို့ အိမ်ထဲက အိမ်ပြင်ထွက်ချင်မှ ထွက်မည်။ Millennials တွေအတွက် ကမ္ဘာနှင့် မျက်ခြည်မပြတ်နိုင်စေမည့် နည်းလမ်းကို သူက တီထွင်ကြံဆပေးလိုက်သည်။ Millennials တွေအားလုံး Facebook ဆိုသည့် ဆိုရှယ်မီဒီယာထဲ ရောက်ကုန်သည်။ ယင်းကို Frontline ရုပ်သံအစီအစဉ်က (Generation Like) ဟု တင်စားကာ သုံးစွဲလိုက်သည်။
03-Sep-2017 tagged as လူငယ်
ဇက်မျိုးဆက်တွေက ဆိုရှယ်မီဒီယာတွေထဲတွင် အာရုံစူးစိုက်မှု များလာသည်။ အင်တာနက်ခေတ်၊ ဆိုရှယ်မီဒီယာခေတ် ဖြစ်လာသောကြောင့် သူတို့တွင် ပိုင်ဆိုင်ထားသည့် ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်များဖြင့် ကြိုက်လျှင် ဖတ်သည်၊ မကြိုက်လျှင် မဖတ်။ ထို့အပြင် လွတ်လပ်စွာ ဝေဖန်ခွင့်များကို ကောင်းစွာအသုံးချကြသည်။
31-Aug-2017 tagged as လူငယ်
ရန်ကုန်မြို့၊ မှော်ဘီ လူငယ်ပရဟိတ သင်တန်းကျောင်းမှ ထွက်ပြေးလာသည့် လူငယ်ကိုးဦးကို မုံရွာမြို့တွင်တွေ့ရှိခဲ့၍ စစ်ကိုင်းတိုင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနက ထိန်းသိမ်းထားခဲ့ပြီးနောက် မိဘအုပ် ထိန်းသူများထံ အပ်နှံရန် ဩဂုတ်လ ၃၀ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးထံ လွှဲပြောင်းပေးခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။
09-Aug-2017 tagged as မန္တလေး လူငယ်
မန္တလေးတိုင်း လူငယ်သင်တန်းကျောင်းသို့ ယခုနှစ်အတွင်း လူငယ် ၁၀ဝ ကျော် ထပ်မံ ရောက်ရှိလာကြောင်း မန္တလေးတိုင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။