News

POST TAGGED AS

လူငယ်

ဆယ်ကျော်သက် နှစ်ဦးအပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ သုံးဦးဖမ်းမိ
ကျိုင်းတုံ၊ ဇွန် ၁၁

ရှမ်းပြည်နယ် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ဆယ်ကျော်သက်အရွယ် လူငယ်နှစ်ဦးအပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူသုံးဦးကို ဖမ်းမိကြောင်း တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့စု (၃၀) ထံမှ သိရသည်။

ဆိုင်ကယ်စီးလာသော အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ်လူငယ်တစ်ဦးထံမှ စိတ်ကြွဆေးပြား ၄၀၀ ကိုဖမ်းမိခဲ့ကြောင်း၊ ၎င်းတို့ကို စစ်ဆေးချက်များအရ ဖတ်ဟိ (အောက်) ရွာနေ ကိုအားလောင် (၂၈ နှစ်) ထံမှ စိတ်ကြွဆေးပြား ၁၆၀၀၊ ဘိန်းဖြူ ၁၅ ဂရမ်ခန့်၊ ဘိန်းစိမ်း ၁ ကီလိုဂရမ်ကျော်၊ ICE ၂၈ ဂရမ်ခန့်၊ ထိုင်းဘတ်ငွေ ၁၆၉,၀၀၀ နှင့် ရွှေထည်ပစ္စည်း ၆ မျိုးတို့ကို ဖမ်းမိခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းမိသူသုံးဦးနှင့် ကွင်းဆက်တရားခံ အားကာ (၄၀ နှစ်) တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေများဖြင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US