News

POST TAGGED AS

လူကုန်ကူး

12-Dec-2017 tagged as လူကုန်ကူး
နှစ်စဉ် လူကုန်ကူးခံကြရသော ဗီယက်နမ်အမျိုးသမီး ၁၀၀ မှ ၁၅၀ ကြား သူတို့ဇာတိမြေကိုပြန်ရန် နယ်စပ်ဂိတ်ကိုရောက်လာကြသည်။ သူတို့သည် နည်းမျိုးစုံဖြင့် တရုတ်မယား ဖြစ်သွားခဲ့ရသူများ ဖြစ်သည်။ ယုံကြည်၍ ရည်းစားနှင့်လိုက်ပြေးပြီး ရောင်းစားခြင်း ခံရသူရှိသလို၊ အချို့မှာ မိဘများကိုယ်တိုင်က လိုလားစွာ ရောင်းစားလိုက်ခြင်းကို ခံခဲ့ကြရသူများ ဖြစ်သည်။
လူကုန်ကူးခံရ၍ နစ်နာသူ လေလွင့်ကလေးငယ်၊ အကြမ်းဖက်ခံရသူ အမျိုးသမီးများနှင့် စွန့်ပစ်ကလေးများကို ဦးစားပေး စောင့်ရှောက်မည့် မြန်မာနိုင်ငံတွင် အကြီးဆုံး ပြန်လည် ထူထောင်ရေး စခန်းကို တည်ဆောက်ရန် စီစဉ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။
08-Dec-2017 tagged as လူကုန်ကူး
ဇနီးနှင့်သမီးဖြစ်သူကို စွန့်ပစ်ရန် ရည်ရွယ်ချက်ဖြင့် ဩစတြေးလျမှ အိန္ဒိယသို့ အတင်းအကျပ် ခေါ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံရသူအား လူကုန်ကူးမှုဖြင့် ဆစ်ဒနီမြို့တွင် စွဲချက်တင်ထားကြောင်း ဩစတြေးလျ ရဲတပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကားပြီး BBC က ဖော်ပြသည်။
27-Nov-2017 tagged as လူကုန်ကူး
တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားနှင့် သုံးလ လက်ထပ် ပေါင်းသင်းပါက ငွေကျပ်သိန်း ၂၀ ရမည်ဟုဆိုကာ စည်းရုံးပြီး အမျိုးသမီး နှစ်ဦးကို ရောင်းစားရန် ကြံစည်သူ အသက် ၃၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ဖမ်းမိခဲ့ကြောင်း လှိုင်သာယာ မြို့နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
14-Nov-2017 tagged as လူကုန်ကူး
လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ဥပဒေအားနည်း ချက်များကြောင့် တရားစီရင်ရေးကဏ္ဍ၌ အမှုတည်ဆောက်ရန် ခက်ခဲသဖြင့် တရားခံ ၁၅ ရာခိုင်နှုန်း လွတ်မြောက်လျက်ရှိကြောင်း ရန်ကုန်တိုင်း အမှတ် ၁၆ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဝေလွင်က ပြောကြား သည်။
13-Nov-2017 tagged as လူကုန်ကူး
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် ကိုးလတာ ကာလအတွင်း လူကုန်ကူးမှု ၅၀ ကျော်ဖြစ်ပွားပြီး ယခင်နှစ်ထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ရန်ကုန်တိုင်း အမှတ် ၆ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးဝေလွင်က လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် ပုဂ္ဂလိက အခန်းကဏ္ဍ၏ လူမှုတာဝန်ယူခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။
ထိုင်း-မြန်မာနယ်စပ် တရားမဝင် မြန်မာလုပ်သား ၃၀ ကျော်ကို ပွဲစားနှင့်အတူ နိုဝင်ဘာလ ၆ ရက်က ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်မိုးခိုင်က ပြောကြားသည်။
04-Aug-2017 tagged as လူကုန်ကူး
မြန်မာပြည်သား လူကုန်ကူးခံရသူတို့ အများဆုံး ရောင်းစားခံရသည့် နိုင်ငံမှာ တရုတ်နိုင်ငံပင် ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆိုသည်။ ဒုတိယအများဆုံးမှာ ပြည်တွင်း၌ပင် ရောင်းစားခံရခြင်း၊ တတိယနှင့် စတုတ္ထမှာ ထိုင်း၊ မလေးရှားနိုင်ငံများသို့ ရောင်းစားခံရခြင်း ဖြစ်သည်။
ညီမတော်စပ်သူအပါအဝင် ဆယ်ကျော်သက်အရွယ် မိန်းကလေး နှစ်ဦးကို တရုတ်နိုင်ငံသို့ ရောင်းချခဲ့သည့် အမျိုးသမီး တစ်ဦးကို ဇူလိုင်လ ၇ ရက်က ဖမ်းဆီးခဲ့ကြောင်း ကျိုင်းတုံမြို့အမှတ်(၁၈) လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့စုထံမှ သိရှိရသည်။
25-Jun-2017 tagged as လူကုန်ကူး
မြန်မာမိန်းကလေးနှစ်ဦးကို တရုတ် အမျိုးသားများထံ ငွေကျပ်သိန်း ၇၀ ဖြင့် ရောင်းစားခဲ့သည်ဟုဆိုသော အမျိုးသမီး နှစ်ဦးကို အရှေ့ပိုင်းခရိုင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။