News

POST TAGGED AS

လုယက်မှု

ရွှေပြည်သာတွင် စုံတွဲများကို ဓားထောက်ခြိမ်းခြောက် လုယက်နေသူ သုံးဦးကို ဖမ်းမိ
ရန်ကုန်၊ ဇွန် ၁၀ 

ရွှေပြည်သာမြို့နယ်အတွင်း လူသွား လူလာရှင်းသည့် လမ်းပေါ် ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲများကို ဓားဖြင့်ထောက် ခြိမ်းခြောက်ပြီး လက်ကိုင်ဖုန်း၊ ရွှေထည်နှင့် ငွေများ လှည့်လည်လုယက်နေသည့် အမျိုးသားသုံးဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူသုံးဦးမှာ လုယက်မှုဖြင့် ထောင်ကျဖူးသော သက်ထွေး(ခ) တိုက်မောင်းနှင့် မွှေးနီ(ခ) သူရိန်ထွန်း၊ မင်းမင်း(ခ) အောင်မျိုးမင်းတို့ဖြစ်ပြီး ၎င်းတို့ကို ဇွန်လ ၆ ရက်နေ့က ရွှေပြည်သာနှင့် လှိုင်သာယာ မြို့နယ်တို့တွင် ဖမ်းမိခဲ့သည်။

“လူသွားလူလာပြတ်တဲ့ လမ်းဘေးမှာ ချိန်းတွေ့နေတဲ့ စုံတွဲတွေကို သူတို့အဖွဲ့က ဆိုင်ကယ်တစ်စီးနဲ့ ပတ်ရှာပြီး လုယက်မှု ကျူးလွန်ခဲ့တာလို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်။ ဓားထောက်ခြိမ်းခြောက် လုယက်တဲ့အပြင် အချို့စုံတွဲတွေဆို ဓားနဲ့ပါ ထိုးခံရတယ်။ ပြစ်မှုကျူးလွန်သူတွေက ထောင်က လွတ်လာတာ မကြာသေးဘူး”ဟု ရဲအရာရှိက ပြောသည်။ 

အဆိုပါ လုယက်မှုကျူးလွန်သူများမှာ ရွှေပြည်သာမြို့နယ်အတွင်းရှိ ဝါးတစ်ရာစက်မှုဇုန်ပတ်လမ်း၊ ရွှေပြည်သာ ကွေ့ လမ်းဆုံမီးပွိုင့်အနီးနှင့် မြင်းလှည်း ဂိတ်၊ ရွှေပြည်သာစက်မှုဇုန်(၁)ရှိ လမ်းကြားများနှင့် အမှတ်(၄) လမ်းဘေးတို့တွင် ချိန်းတွေ့နေသည့် စုံတွဲများအား အနက်ရောင် ဆိုင်ကယ်တစ်စီး အသုံးပြု၍ ဓားဖြင့် ထောက် ခြိမ်းခြောက်ပြီး လုယက်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

S-03



FOLLOW US