News

POST TAGGED AS

လုယက်မှု

01-Jan-2018

ပြည်
ပြည်မြို့လယ်ရှိ ဆန်ဆိုင် ကျပ်သိန်းတစ်ထောင်ကျော် ဖောက်ထွင်း ခိုးယူခံရ
ပြည်၊ ဒီဇင်ဘာ ၃၁

ပြည်မြို့လယ်၊ ဆွေးနွေးဘုရားလမ်းရှိ ဆန်ဆိုင်တစ်ခုတွင် ကျပ်သိန်းတစ်ထောင်ကျော် ခိုးယူခံရခဲ့ကြောင်း ပြည်ခရိုင်၊ ရဲတပ်ဖွဲ့ဦးစီး ဒုတိယရဲမှူး ပြုံးလွင်က ပြောကြားသည်။ 

ဒီဇင်ဘာလ၂၉ ရက်နေ့ ညအချိန်တွင် အဆိုပါဆန်ဆိုင်ရှိ အိမ်ရှင်များ ခရီးသွားစဉ် ဆန်ဆိုင်အပေါ်ထပ်အခန်းတွင်းရှိသော ငွေကျပ်သိန်း တစ်ထောင်ကျော် ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“လောလောဆယ်တော့ နေအိမ်အတွင်း ဝင်ရောက်ခိုးယူမှုနဲ့ပဲ ဖွင့်ထားတယ်။ အမှုစစ်အဖွဲ့က စစ်ပြီးရင်တော့ ဖောက်ထွင်းမှု ဖြစ်သွားနိုင်တယ်”ဟု ဒုရဲမှူး ပြုံးလွင်က ပြောဆိုသည်။ 

အဆိုပါအမှုတွင် ငွေကြေးများသည် ခရီးသွားစဉ်၌ ခိုးယူခံခဲ့ရခြင်းဖြစ်ကာ ယင်းအတွက် အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ငွေကျပ်စုစုပေါင်းသိန်း ၁၁၂,၃၃၈,ဝ၀ဝ ပျောက်ဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို ပြည်မြို့မ ရဲစခန်း က(ပ) ၂၀၂၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးနေကြောင်း ပြည်ခရိုင်၊ ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

M-06

  • VIA


FOLLOW US