News

POST TAGGED AS

လုယက်မှု

လူဦးရေ ထူထပ်လှသည့် ရန်ကုန် တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုများ ပါဝင်သော အမှုကြီးပေါင်း ၃၀၀ နီးပါးအထိ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
30-Jun-2018 tagged as လုယက်မှု
ရွှေပြည်သာမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ပန်းမူလမ်းထောင့်တွင် ဇွန်လ ၃၀ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က အမျိုးသမီး၏လည်ပင်းကို ဓားဖြင့်ထောက်၍ ဓားစာခံအဖြစ် ခေါ်ဆောင်ပြီး ဆိုင်ကယ်တစ်စီးကို လုယူထွက်ပြေးရန် ကြံစည်သည့် အမျိုးသားတစ်ဦးကို လှည့်ကင်းရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဗဟန်းမြို့နယ်အတွင်းရှိ လမ်းနီလေး ကားမှတ်တိုင်တွင် အမျိုးသမီးတစ်ဦး ဝတ်ဆင်ထားသည့် ရွှေလက်ကောက်ကိုလုယူရန် ကြံစည်ခဲ့သည့်အဖွဲ့မှ သုံးဦးကို ဖမ်းမိခဲ့ပြီးနောက် လွတ်မြောက်သွားသည့် အမျိုးသားတစ်ဦးကို ရွှေပြည်သာမြို့နယ်တွင် ထပ်မံ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၉ နယ်မြေ ၅ ရှိ ပရိဘောဂလုပ်ငန်းလုပ်ကိုင်သည့် နေအိမ်တစ်ခုတွင် ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က အမျိုးသားတစ်ဦးရောက်ရှိလာပြီး ဓားဖြင့်ခြိမ်းခြောက်ကာ လုယက်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မော်​​တော်​ယာဉ်​အား ဆိုင်ကယ်ဖြင့်ပိတ်​ဆို့၍ ရုပ်ရှင်ဆန်ဆန်လုယက်​မှုတစ်​ခု​ ကော့​သောင်းမြို့တွင်​​ မေ ၂၇ ရက်​​ နံနက် ၂ နာရီခန့်က ဖြစ်​ပွားခဲ့သည်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ရွှေစင်မြင့်မိုရ်ရွှေဆိုင်တွင် မေလ ၂၈ ရက် နံနက် ၁၀ နာရီခန့်က ရွှေဝယ်သူအယောင်ဆောင်ကာ ဓားထောက်လုယက်မှုဖြစ်ပွားခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် အဆိုပါရွှေဆိုင်ထံမှ သိရှိရသည်။
20-May-2018 tagged as လုယက်မှု
မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ် ကွက် ညီညွတ်ရေးလမ်းတွင် မေလ ၁၉ ရက်ညပိုင်းက ပရိုဘောက်အငှားယာဉ် တစ်စီးပေါ်မှ ယာဉ်မောင်း၏ငွေများကို လုယူထွက်ပြေးသည့် အမျိုးသားနှစ်ဦးကို ရပ်ကွက်နေသူများက ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ မီးခွက်ဈေးအတွင်းတွင် မေလ ၁၇ ရက် နံနက် ၉ နာရီခွဲခန့်က အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဆွဲကြိုးဖြတ် လုယက်ခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဥဿာမြို့သစ် ရပ်ကွက်ကြီး (၈) တန်ဖိုးနည်း အိမ်ရာအနီး ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် မေလ ၁၂ ရက် ည ၁၀ နာရီခွဲခန့်က အမျိုးသား ၂ ဦးက ဘုန်းကြီးတစ်ပါးကို ရိုက်နှက်လုယက်၍ ပျံလွန်တော်မူသွားကြောင်း ပဲခူးအမှတ် (၃) နယ်မြေရဲစခန်းထံမှ သိရသည်။
ရွှေကျင်မြို့ ရှမ်းကြေးရပ်ရှိ သုခရွှေစင်ရွှေဆိုင်သို့ ယနေ့ (ဧပြီ ၂၂ ရက်) နံနက် ၈ နာရီခန့်က လူတစ်ဦးရောက်လာပြီး ရွှေဝယ်မည်ဟုဆိုကာ ကျပ် ၁၁ သိန်းကျော်တန်ဖိုးရှိ ရွှေဆွဲကြိုးတစ်ကုံးနှင့် ဆွဲသီးတစ်ခု လုယူထွက်ပြေးသွားခဲ့ကြောင်း ရွှေကျင်မြို့မရဲစခန်းထံမှ သိရှိရသည်။