News

POST TAGGED AS

လုပ်ငန်း

ပြည်တွင်းဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများအနေနှင့် လုပ်ငန်းလိုင်စင် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပြီး လိုင်စင်မရှိပါက သုံးနှစ်ထက် မပိုသော ထောင်ဒဏ်၊ ကျပ်သိန်း နှစ်ရာထက် မပိုသော ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ် နှစ်ရပ်စလုံးကို ကျခံရမည့် ခရီးသွားလုပ်ငန်း ဥပဒေ အစိုးရက ရေးဆွဲနေကြောင်း ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း DPTOA ထံမှ သိရသည်။
ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရန် အကောင်အထည်ဖော်မည့် Action Plan များကို ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိပ်မြို့တွင် မြန်မာ-ကမ္ဘော ဒီးယားနှစ်နိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။
နိုင်ငံခြားသား ခရီးသွားများ သွားလာရာ ဆိပ်ကမ်းတစ်ခုဖြစ်သော မရမ်းခြံဆိပ်ကမ်းတွင် သတင်းအချက်အလက်စင်တာ (Information Centre) ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ပြည်တွင်း စွန့်ဦးတီထွင် လုပ်ငန်းများကို ကူညီပံ့ပိုးမှုများ လုပ်ဆောင်နေသော ဖန်တီးရာအဖွဲ့အစည်းက ဒုတိယအကြိမ်မြောက် Accelerator အစီအစဉ်တွင် ပါဝင်ရမည့် ပြည်တွင်း စွန့်ဦးတီထွင်လုပ်ငန်း ၇ ခုကို အမေရိကန် ဒေါ်လာ ၁၇၅,ဝ၀ဝ ကျော်တန်ဖိုးရှိ ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော် တည်ဆောက်မည့် ကျောက်ဖြူ အထူး စီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်းအတွက် တရုတ်နိုင်ငံအခြေစိုက် CITIC ကုမ္ပဏီအုပ်စုနှင့် မြန်မာနိုင်ငံတို့အကြား ရှယ်ယာ ပိုင်ဆိုင်မှုကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်က ပြောကြားသည်။
ကျေးရွာလေးရွာမှ တာဝန်ကျ အမျိုးသမီးများက အလှည့်ကျ ချက်ပြုတ်ထားသော မြန်မာ့ကျေးလက် အစားအစာ ပူပူနွေးနွေးကို ကျွေးမွေးကြခြင်း ဖြစ်သည်။ ထမင်းစားပြီးလျှင်လည်း ဓာတုမြေသြဇာ မသုံးဘဲ စိုက်ပျိုးရရှိသည့် ဒေသထွက်သီးနှံများက အဆင်သင့်။
အထပ်မြင့် အဆောက်အအုံ ပြဿနာသည် မိုက်ခရို စီးပွားရေး ရှုထောင့်၊ မက်ခရို စီးပွားရေး ရှုထောင့်၊ ဈေးကွက်ယုံကြည်မှုဆိုင်ရာ ရှုထောင့်တို့အပြင် ယင်းအဆောက်အအုံများတွင် နေထိုင်၊ ရောင်းဝယ်၊ လုပ်ကိုင်ကြမည့် အများပြည်သူအတွက် စိတ်ချ၊ လုံခြုံ၊ ကျန်းမာ၊ ဘေးကင်းရေး၊ သက်သောင့်သက်သာ လွယ်ကူစွာ နေထိုင်နိုင်စေရေး၊ ယင်းအဆောက်အအုံ ပတ်ဝန်းကျင်၊ လမ်းမများပေါ်တွင် လူနှင့် ယာဉ်များ ကျယ်ပြန့်၊ ချောမွေ့မြန်ဆန်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာစေရေးတို့ကိုလည်း