News

POST TAGGED AS

လုပ်ငန်း

စဉ်းစားကြည့်လျှင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအကြား နိုင်ငံရေး သဘောတူညီချက် မရနိုင်သေးပါက အကြမ်းဖက်တိုက်ခိုက်မှု သံသရာ ဆက်လည်နေဦးမည့် အလားအလာ ရှိနေသည်
ငွေချေးသူ၏ နောက်ခံသတင်းအချက်အလက် စုဆောင်းထားသည့် ဒေတာစင်တာ (ခရက်ဒစ်ဗျူရို) လုပ်ငန်းလိုင်စင်ကို ယခုနှစ်အတွင်း ချထားပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
17-Jan-2018 tagged as လုပ်ငန်း ရွှေ
၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ရပ်ဆိုင်းထားသည့် တစ်ပိုင်တစ်နိုင် ရွှေလုပ်ကွက်များကို မကြာမီ ပြန်လည်လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့ခရိုင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေး ကော်မတီရုံးတွင် ဇန်နဝါရီ ၉ ရက်မှစတင်ကာ ပုဂ္ဂလိကပိုင် မော်တော်ယာဉ် လုပ်ငန်းယာဉ်များ ကြီးကြပ်မှုကော်မတီအသစ်ကို ရွေးချယ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားဖွံ့ဖြိုးရေးအတွက် စီမံချက် (မူကြမ်း) ကို ခရီးသွားလုပ်ငန်းကဏ္ဍနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများ၊ ရန်ကုန် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနနှင့်တာဝန်ရှိသူများ ပူးပေါင်း၍ ရေးဆွဲရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ စုံစမ်းသိရသည်။
လာမည့် တက္ကသိုလ် ပညာသင်နှစ် (၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ)မှစပြီး ငါးလုပ်ငန်း ဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်တွင် စတင် သင်ကြားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်ခင်က ပြောကြားသည်။
24-Dec-2017 tagged as လုပ်ငန်း ငါး
ပဲခူးတိုင်းဒေသကြီး၊ ရေချိုငါးလုပ်ငန်း ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းများ ပြုလုပ်နိုင်ရန် ပြည်သူ့အသံ ကြားနာပွဲများကို ပြုလုပ်ခြင်းမှ ပိုမိုကောင်းမွန်သော ဥပဒေချမှတ်နိုင်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေပြုရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ဇင်မိုးထိုက်က ပြောကြားသည်။
ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် သက်တမ်း ခြောက်လထက် ကျော်လွန်နေသည့် ခရီးသွားကုမ္ပဏီ ၁၇၉ ခုကို ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာန၏ ဒီဇင်ဘာလ ၈ ရက် ရက်စွဲပါစာအရ လိုင်စင် ပယ်ဖျက်လိုက်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို အကြံပြု ဆွေးနွေးမည့် ခရီးသွားလုပ်ငန်းဆိုင်ရာ ညီလာခံ (Myanmar Tourism Conference) ကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
တရုတ်၊ ဂျပန်၊ ကိုရီးယားအပါအဝင် အာဆီယံနိုင်ငံများနှင့် ဥရောပနိုင်ငံများမှ နိုင်ငံ ၂၂ ခုကို လေဆိပ်ဆိုက်ရောက်ဗီဇာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စမ်းသပ်ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောကြားသည်။