News

POST TAGGED AS

လုပ်ငန်းလိုင်စင်

တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းနှင့် ၁၅၃ လမ်းထိပ်ရှိ သုံးလွှာတိုက်ခန်းတွင် ဖွင့်လှစ်ထားသော ထွန်းတောက် အကျိုးဆောင်လုပ်ငန်းမှာ လိုင်စင်လျှောက်ထားခြင်းမရှိကြောင်း တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတို့ထံမှ တာဝန်ရှိသူများက ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံးရှိ စီးပွားဖြစ်ဆောင်ရွက်ရန် လုပ်ငန်းလိုင်စင်ရယူထားသော မော်တော်ယာဉ်များကို ယခုနှစ်ကုန်အထိသာ သက်တမ်းတိုးခွင့်ပြုမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနက အသိပေးထားချက် ထုတ်ပြန်ထားသည်။
ဘဏ်များထံမှ ငွေချေးမည့်သူ၏ နောက်ခံသတင်းအချက်အလက် စုဆောင်းထားသည့် ဒေတာစင်တာ (ခရက်ဒစ်ဗျူရို) လုပ်ငန်းလိုင်စင်ကို တစ်လအတွင်း ချထားပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။